ဒူဘိုင်းဆိုတာ အာရပ်စော်ဘွားများပြည်ထောင်စု (UAE)နိုင်ငံရဲ့ မြို့တော်တစ်ခုပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အထင်ရှားဆုံးမြို့တော်တွေ ထဲက တစ်ခုဖြစ်သလို ထူးထူးဆန်းဆန်း သာမန်မမြင်တွေ့ဘူးတဲ့အရာတွေလည်း ဒူဘိုင်းမှာရှိပါတယ်။ ဒီတစ်ခါမှာတော့ ဒူဘိုင်းမှာရှိတဲ့ ထူးထူးဆန်းဆန်း အရာတွေကို ပရိသတ်ကြီး အတွက် ဗဟုသုတရအောင်ဖော်ပြပေးလိုက်ပါတယ်နော်။  

နိူင်ငံတော်တော်များများမှာ အိမ်မွေးတိရစ္ဆာန်အဖြစ် ခွေးတွေ ၊ကြောင်တွေကိုသာ မွေးမြူကြတာကိုတွေ့ဖူးမှာပါ ။ ဒူဘိုင်းမှာတော့ အိမ်မွေးတိရစ္ဆာန်အဖြစ် ခြေင်္သ့နဲ့ကျားသစ်ကိုမွေးမြူတဲ့ လူတွေရှိပါတယ်။ ဒူဘိုင်းမှာ ရဲကားတွေကို ခေတ်မှီစွာထားပေးထားတာကိုတွေ့ရမှာပါ။ ဒူဘိုင်းမှာရှိတဲ့ ရဲကားအများစုဟာ ပြိုင်ကားအမျိူးအစားဖြစ်ပြီး နောက်ဆုံးပေါ်ပြိုင်ကားတွေကိုတောင် အသုံးပြုထားကြပါတယ်။ ဒူဘိုင်းမြို့ရဲ့ လမ်းမတွေပေါ်မှာ ရွှေကို အလွယ်တကူဝယ်ယူနိုင်တဲ့ စက်တွေကို ထားရှိပေးထားပါသေးတယ်။ ဒါ့အပြင် တချို့ဇိမ်ခံကားတွေ၊ ပြိုင်ကားစတာတွေကိုလည်း ရွှေနဲ့ ပြုလုပ်ထားပါတယ်။  

ရုပ်ရှင်ကားတွေထဲကအတိုင်း ဒူဘိုင်းမှာယာဉ်ကြောပိတ်ဆို့တဲ့အခါ ရပ်ထားတဲ့ ကားတိုင်းဟာ နောက်ဆုံးပေါ်ဇိမ်ခံကားတွေချည်းပါပဲ ပရိသတ်ကြီးရေ..ဒူဘိုင်းဟာ ပူလောင်တဲ့ရာသီဥတု ရှိပေမယ့် ရုရှားနိုင်ငံကိုရောက်သွားသလိုမျိုး အေးခဲသွားစေနိုင်မယ့် ကေ်ာဖီဆိုင်တွေလည်း ရှိပါတယ်။ ပီဇာပို့တဲ့ကားဆိုရင် သာမန်ရိုးရိုးကားမဟုတ်ပဲ ပြိုင်ကားတွေနဲ့ ပီဇာပို့ပေးတာပဲဖြစ်ပါတယ်။

Source : Google  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။