ရေးဗားပလိတ်နဲ့ ဘိုကာဂျူနီယာ အသင်းသားတွေဟာ တောင်အမေရိကဖလား ဗိုလ်လုပွဲကစားဖို့အတွက် မက်ဒရစ်မြို့ကို ဒီဇင်ဘာ ၅ ရက်က ရောက်ရှိလာပါတယ်။အာဂျင်တီးနားကလပ်တွေဖြစ်တဲ့ ရေးဗားပလိတ်နဲ့ ဘိုကာဂျူနီယာအသင်းတို့ဟာ ပထမအကျော့က ၂ ဂိုးစီ သရေကျထားပြီး ဒုတိအကျော့မှာ ပရိသတ်သောင်းကျန်းမှု ဖြစ်ခဲ့လို့ ကွင်းပြောင်းပြီး ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာပါ။

နိုဝင်ဘာ ၁၁ ရက်က ကစားခဲ့တဲ့ ပထမအကျော့မှာတော့ ဘိုကာဂျူနီယာအသင်းက အိမ်ကွင်းမှာ ၂ ဂိုးစီ သရေကျထားခဲ့တာပါ။နိုဝင်ဘာ ၂၄ ရက်မှာ ဒုတိယအကျော့ ကစားစဉ်က ရေးဗားပလိတ် ပရိသတ်တွေက ဘိုကာဂျူနီယာအသင်းရဲ့ ကားကို ကျောက်ခဲတွေ၊ ပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့လို့ ဒဏ်ရာရသူတွေလည်း ရှိခဲ့တာပါ။

ဒါကြောင့် ပွဲကို ရွှေ့ဆိုင်းခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၉ ရက်မှာ စပိန်နိုင်ငံမှာရှိတဲ့ ရီးရဲလ်မက်ဒရစ်အသင်း အိမ်ကွင်းဖြစ်တဲ့ ဘာနေဗျူးမှာ ကျင်းပမှာ ဖြစ်ပါတယ်။လီဗာတာဒိုရစ်ဖလားဟာ ဥရောပချန်ပီယံလိဂ်လို တောင်အမေရိကရဲ့ အဆင့်မြင့်ဆုံး ပြိုင်ပွဲဖြစ်ပြီး အာဂျင်တီးနားနိုင်ငံရဲ့ ပြင်ပမှာ ပထမဆုံးအကြိမ် ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

SOURCE: DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။