ဒီဘက်ခေတ်မှာဆိုရင် Gym အားကစားဟာ လုံးဝကိုခေတ်စားလာနေပြီပဲဖြစ်ပါတယ်။ ကောင်လေးတွေကလည်း Bodyကိတ်ကိတ်ကောင်မလေးတွေမှစိတ်ဝင်စားတော့သလို မိန်းကလေးတွေကလည်း မိမိအားကိုးရမယ့်အားကောင်းမောင်းသန်ယောက်ျားမျိုးကိုပဲအလိုရှိကြပါတော့တယ်။ ဆိုတော့ ယောက်ျားလေးတွေအနေနဲ့ ကျန်းမာရေးအတွက် ကောင်မလေးအတွက် လူရှိန်အောင်အတွက် အဲ့လိုအကြောင်းအမျိုးမျိုးကြောင့်နဲ့ Gymကစားဖို့လိုလာပါပြီ။

ဒါပေမယ့် Gymဆော့ရင် ပေးရမယ့်ငွေကြေးတွေက မနည်းပါဘူးနော်။ လကုန်တိုင်း လစာထုတ်တိုင်းတစ်ခါပေးနေရမယ်ဆိုရင် စာဖတ်သူတို့ မကျန်းမာဘဲ ကျန်းမာရေးထိခိုက်ကုန်ပါလိမ့်မယ်။ ဒါကို ဖြေရှင်းကမယ့် နည်းလမ်းကို ထိုင်းအမျိုးသားတစ်ဦးက ပြသခဲ့ပါတယ်။ ဗီဒီယိုထဲမှာတော့ ချရှိတဲ့တောင်ပို့ကိုသုံးထားပေမယ့် စာဖတ်သူတွေအနေနဲ့ ငရဲမကြီးချင်ရင်တော့ ချမရှိတော့တဲ့တောင်ပို့အဟောင်းကိုအသုံးပြုနိုင်ပါတယ်။ ခြတောင်ပို့ မှာပါတဲ့မြေကြီးဟာ ချတွေရဲ့ ချေးတွေနဲ့ရောလျက်ရှိတာကြောင့် မြေသားကျစ်လျစ်ပြီးအလေးချိန်လည်းစီး တော်ရုံလည်းမအက်ကွဲနိုင်ပါဘူး။

ထိုင်းအမျိုးသားဟာ ဒီခြတောင်ပို့ကရတဲ့မြေကြီးကို ရွှံစေးအနေနဲ့သုံးထားတာဖြစ်ပြီး Gymအသုံးအဆောင်ပစ္စည်းတွေကိုပြုလုပ်ပြခဲ့ပါတယ်။ သူရဲ့ Videoဟာ ကမ္ဘာအနှံ့အပြားထိပျံ့နှံ့ခဲ့ပြီး Gymကို ချစ်မြတ်နိုးတဲ့သူတွေနဲ့ Gymဆော့ချင်ပေမယ့် ငွေကြေးအဆင်ပြေတဲ့သူတွေက သူရဲ့နည်းလမ်းအတိုင်းလိုက်ပြီး Gymပစ္စည်းတွေပြုလုပ်ခဲ့ကြပါတယ်။ Gymရုံမှာလည်းသွားဆော့စရာမလိုဘဲ အိမ်မှာတင်အချိန်ပေးဆော့လို့လည်းရပြီး Gymပစ္စည်းတွေလည်းအပိုင်ရတဲ့နည်းလမ်းလေးမို့ ပရိတ်သတ်တွေကို ဗီဒီယိုလေးနဲ့တကွ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: liekr

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။