တဖြေးဖြေးနဲ့ဖွံ့ဖြိုးတိုးတက်လာတဲ့ ယနေ့ခေတ်ကာလမှာတော့ လူတွေဟာ စက်ရုပ်အမျိုးမျိုးကို တီထွင်ပြီး လူသားတွေအကျိုးအတွက် ခိုင်းစေလာတာဟာ မဆန်းတဲ့အရာတစ်ခုပင်ဖြစ်နေပါတယ်။

သိုပပေမယ့် ဂျပန်နိုင်ငံ ကော်ဖီဆိုင်တခုမှာ ခိုင်းစေထားတဲ့ စက်ရုပ်လေးကတော့ သာမန်ထက်ပိုထူးခြားနေတာကိုတွေ့ရပါတယ်။ 

ဒီစက်ရုပ်လေးဟာ တခြားသောစက်ရုပ်တွေလို ထိန်းချုပ်ပုံအနည်းငယ်ကွဲပြားပြီး အကြောသေနေသူတွေ ၊ ကိုယ်လက်အင်္ဂါမသန်စွမ်းသူတွေအတွက်တော့ တကယ့်အကျိုးဖြစ်စေနိုင်မယ့်စက်ရုပ်လေးတစ်ရုပ်ပဲဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင်တော့ ဒီစက်ရုပ်လေးဟာ လူတွေရဲ့စိတ်နဲ့ လိုရာကိုခိုင်းစေလို့ရတဲ့ စက်ရုပ်လေးတစ်ခုပဲဖြစ်ပါတယ်။ 

ဒီစက်ရုပ်လေးဟာ သူနဲ့အနီးပတ်ဝန်းကျင်ကလူတွေနဲ့လည်း စကားပြောနိုင်သလို အရာဝတ္ထုတွေကို လည်းသယ်ဆောင်နိုင်တဲ့စက်ရုပ်လေးတစ်ရုပ်ပဲဖြစ်ပါတယ်။

ဒါ့အပြင် သူ့ရဲ့မျက်လုံးကိုတောင် ဘေးပတ်ဝန်းကျင်ကလူတွေက ထိန်းချုပ်ထားနိုင်တဲ့စက်ရုပ်လေးတစ်ရုပ်ပဲဖြစ်ပါတယ်။

ဒီစက်ရုပ်လေးဟာ စားပွဲထိုးတွေနေရာမှာ အစားထိုးဖို့ပြုလုပ်ထားတဲ့စက်ရုပ်လေးတစ်ရုပ်ဆိုပေမယ့် မသန်စွမ်းသူတွေအတွက်တော့ အထောက်အကူကောင်းဖြစ်စေနိုင်တဲ့ စက်ရုပ်လေးတစ်ရုပ်ပဲဖြစ်ပါတယ်။ 

source - Dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။