သိပ်မကြာသေးခင်ကမှ လက်ထပ်ထားကြတဲ့ Bollywood Star Priyanka Chopra နဲ့ Pop Idol Nick Jonas တို့ဟာ ၅ရက်တိုင်တိုင် မင်္ဂလာဆာင်ပြီးကြပြီဖြစ်သော်လဲ သူတို့ရဲ့ အချစ်နှုန်းလေးတွေမလျော့သေးပဲ Romatic Photo များကိုဆက်လက်ရိုက်ကူးလျက်ရှိပါတယ်။ ထိုပုံများကိုတော့ Vogue Magazine မျက်နှာဖုံး Cover အတွက်သုံးသွားမှာပဲဖြစ်ပါတယ်။ 

သူတို့ဟာဆိုရင် Vogue Magazine ရဲ့ ပထမဦးဆုံးသော Digital Cover အဖြစ်ထားချင်းခံရတဲ့ Star တွေပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ လိုက်ဖက်တဲ့စုံတွဲလို့လဲ Celebrity တွေကပြောကြပြီး လူအတော်အများကလဲ အားကျနေကြပါတယ်။ သူတို့ရဲ့မင်္ဂလာဆောင်ကို ၅ရက်တိုင် ကျင်းပခဲ့ကြပြီး ထိုမင်္ဂလာဆောင်မှ မြင်ကွင်းများကလဲ ပရိတ်သတ်တွေရဲ့ ရင်ထဲကို စိုးမိုးနိုင်ခဲ့ပါတယ်။ 

Bollywood Star Priyanka Chopra နဲ့ Pop Idol Nick Jonas တို့ဟာ ခုချိန်မှာတော့ ပရိတ်သတ်တွေကြားမှာ နာမည်ကြီး လူတိုင်းအားကျနေရတဲ့ စုံတွဲတစ်တွဲအဖြစ်ရှိနေပါတယ်။ သူတို့နှစ်ယောက်ဟာ ၃နှစ်တိုင်တွဲခဲ့ကြ့ပြီး ခုချိန်မှာတော့ ရွှေလက်တွဲကြပြီပဲဖြစ်ပါတယ်။ အချစ်မှာ ဘာသာရေး၊လူမျိုးရေး၊အရပ်အမောင်း စတာတွေက အရေးမကြီးပဲ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် သစ္စာရှိပြီး လေးစားချစ်ခင်ဖို့သာ အရေးကြီးကြောင်း သက်သေပြသွားတဲ့ စုံတွဲတစ်တွဲပဲဖြစ်ပါတယ်။ အားကြ အတုယူနိုင်ကြပါစေ….။

Source : Mirror New

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။