ပရိတ်သတ်တို့သိကြတဲ့အတိုင်း ကားလမ်းဆိုတာ အမြဲတမ်းရှုပ်ထွေးလျက်ရှိပြီး အမြဲတမ်းလိုလိုလဲ ကားအက်ဆီးဒန့်တွေ ယာဉ်တိုက်မှုတွေလည်း ဖြစ်ပေါ်လျက်ရှိပါတယ်။ လူတွေလဲတော်တော်များများ အသက်သေဆုံးလျက်ရှိကာ မကျွတ်မလွတ်ပဲ နာနာဘဝအဖြစ် သွားလာလျက်ရှိပါတယ်။ထိုလိုသွားလာလှုပ်ရှားနေသောကြောင့်လဲ သတင်းပေါင်းများစွာထွက်ပေါ်လျက် တချို့ကို Video ရိုက်ကူးနိုင်ခဲ့ပြီ တချို့ကိုတော့ ဓာတ်ပုံရိုက်နိုင်ခဲ့ပါတယ်ဗျာ။ ခုသတင်းကတော့ဖြင့် Thai နိုင်ငံမှာဖြစ်ပေါ်ခဲ့ပြီး ကားလမ်းဘေးမှာ တွေ့ရှိခဲ့ခြင်းပဲဖြစ်ပါတယ်။

တွေ့ရှိခဲ့ပုံကတော့ ကားသမားဟာ ကားမောင်းရင် တောလမ်းဘေး တစ်နေရာတွင် တစ်စုံတစ်ခုကို တွေ့ရှိကာ စူစမ်းလိုသောစိတ်ဖြင့် ထိုနေရာကို ကားမောင်းသွားခဲ့ကာ မထင်မှတ်စရာအဖြစ်ကို တွေ့ရှိခဲ့ပါတယ်။ သူမြင်တွေ့ခဲ့ရသည်မှာ ခြေတစ်ချောင်းသာရှိသော ကလေးမအရွယ်ကောင်မလေးတစ်ယောက်က ခုတ်ဆွကာ တောထဲ့သို့ ဝင်သွားချင်းပဲဖြစ်ပါတယ်။ ထိုအရာဟာဆိုရင် စကားတစ်ခုခုကိုပြောဆိုနေခဲ့ပါတယ်။ ထို့အရာပြောဆိုနေခဲ့တာကတော့ ‘Gong Goi Gong Goi’ ဆိုပြီးပဲ အကြိမ်ကြိမ်ပြောဆိုကာ တောထဲတို့ဝင်ရောက် ပျောက်ကွယ်သွားခဲ့ပါတယ်။  

ထိုသရဲမနဲ့ပတ်သတ်လို့ တချို့ှုလူတွေက ဒါဟာ ထိုင်းဒဏ္ဍာရီထဲက ခြေတစ်ချောင်းသရဲမဖြစ်ကြောင်း တချို့ကတော့ တရုတ်ဒဏ္ဍာရီထဲက ဗိုက်ဆာနေတဲ့ သရဲမလို့ပြောကြပြီ တချို့ကတော့ တစ်ယောက်ယောက်က အဲ့လိုဝတ်ဆင်ထားတယ်လို့ပြောကြတယ်ခဗျ။ ဒါပေမဲ့ သူလမ်းလျှောက်ခုန်ဆွပုံကို ကြည့်ချင်းအားဖြင့် သာမာန်လူတစ်ယောက်က ဒီလိုမလုပ်နိုင်ဘူးဗျ။ ပရိတ်သတ်ကြီးလဲ Video ကိုကြည့်ပြီး ဆုံးဖြတ်လိုက်ပါအုန်းခဗျာ…..။ 

Source : Mirror New

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။