Samsung က ကမ္ဘာအဝန်းမှာ အရောင်မမြင်ရသူပေါင်းသန်း ၃၀၀ ရှိတယ် လို့ ပြောပါတယ်။ အဆိုပါ ဝေဒနာကို Color Vision Deficiency (CVD) လို့ ခေါ်ပါတယ်။ အခုတော့ အဲဒီလူများအတွက် QLED TV များကို ကြည့်ရင် အရောင် မြင်ရစေမယ့် App တစ်ခုကို ဖြန့်ချိပေးလိုက်ပါတယ်။ သူ့ရဲ့ အမည်ကတော့ SeeColors App ဖြစ်ပြီး Color Blind များက အရောင်များ ကို မြင်ရစေဖို့အတွက် Settings များကို App ကနေချိန်ညှိနိုင် ပါတယ်။ 

သူက CVD ဝေဒနာရှင်များရဲ့ ရောဂါ အမျိုးအစားနဲ့ အခြေအနေကို တွက်ချက်ပေးနိုင်ပါတယ်။ Samsung, Budapest နည်းပညာ တက္ကသိုလ်နဲ့ Economics’ Klara Wenzel တို့ ပူးပေါင်း၍ အဲဒီ App ကိုတီထွင်ခဲ့ခြင်း ဖြစ်ပါတယ်။ Economics’ Klara Wenzel ဟာအရောင် Filters များ၊ သချင်္ာနည်းများဖြင့် အရောင်မမြင်သူများရဲ့ အခြေအနေများ ကိုတွက်ချက်ပေးတဲ့ Colorlite Test ကိုဖန်တီးထားတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ထုတ် Samsung SUHD TVs များမှာအဲဒီ App ကိုအသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ 

အခြား QLED TV ပိုင်ရှင်များက App ကိုဒီနေ့ကစပြီး Smart TV App Store, Galaxy S8, S8 Plus နဲ့ Galaxy App Store များကနေဒေါင်းလုပ်ရယူနိုင်ပြီဖြစ်ပါတယ်။ မျက်စိစမ်းသပ်မှုကို Galaxy Smartphone မှာ ပြုလုပ်ပြီးရင် ဖုန်းကို QLED TV နဲ့ ချိတ်ဆက် ရမှာဖြစ်ပါတယ်။ အဲဒီနောက်မှာအရောင်မမြင်ရသူရဲ့ မျက်လုံးအခြေအနေနဲ့ ကိုက်ညီတဲ့ Settings များကိုအလိုအလျောက် ချိန်ညှိပေးခြင်းဖြင့် Color Blind များကတီီဗီမှာအရောင်များကို မြင်တွေ့နိုင်ပါတယ်။

Source : Mobile Guide

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။