တရုတ် ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Guangzhou Shipyard International Company Ltd က ကမ္ဘာ့ ပထမဆုံးအီလက်ထရစ် ကုန်တင်သင်္ဘောကိုတည်ဆောက်လိုက်ပါတယ်။ ယခုအခါမှာတော့ အဆိုပါသဘောင်္ကို ကျောက်မီးသွေးများကို သယ်ယူပို့ဆောင်ရန်အတွက် စတင်အသုံးပြုနေပီပဲဖြစ်ပါတယ်။ လျှပ်စစ်စွမ်းအင်ကို အပြည့်အဝသုံးစွဲထားတဲ့အတွက် လေထုညစ်ညမ်းစေတဲ့ ဓာတ်ငွေ့များကို မထုတ်လွှင့်နိုင်တော့ပါဘူး။ 

အဆိုပါ သဘောင်္ရဲ့ အရှည်ဟာ ပေ ၂၃၀ ရှိပြီး ဘက်ထရီပမာဏကတော့ ၂၄၀၀ ကီလို၀ပ်ရှိပါတယ်။ ထိုသဘောင်္မှာ တစ်နာရီလျှင် ၈ မိုင်နှုန်း ဖြင့်သာ သွားနိုင်ပါတယ်။ သို့သော်လည်း လောင်စာဆီသုံး ကုန်တင်သင်္ဘောများထက် ကုန်ကျစရိတ် သက်သာပါတယ်။ သဘောင်္ာကီး တစ်ခုလုံးရဲ့ အလေးချိန်ကတော့ ၂၀၀၀ မက်ထရစ်တန်နီးပါး ရှိပါတယ်။

လျှပ်စစ်စွမ်းအင်သုံး သင်္ဘောဖြစ်သောကြောင့် (၂) နာရီ အားသွင်းထားလျှင် မိုင်(၅၀) အထိ မောင်းနှင်နိုင်ပါတယ်။ အဆိုပါ အားသွင်းကြာချိန်ဟာ သဘောင်္ပေါ်မှာ ကုန်တင် ကုန်ချ ပြုလုပ်တဲ့အချိန် ပမာဏနဲ့တူညီတယ်လို့ ဆိုရမှာပါ။ ထို လျှပ်စစ်စွမ်းအင်သုံး သဘောင်္ကို ယခုအခါ ကုန်ပစ္စည်းများ တင်ဆောင်ရာတွင် အသုံးပြုနိုင်ရန် စီစဉ်ထားပြီး နောင်တစ်ချိန်တွင် မကြာခင်ခရီးသည်တင် သဘောင်္များကို လဲ တည်ဆောက်သွားမယ်လို့ သိရပါတယ်။ 

Source : Mobile Guide 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။