ယနေ့ဒီဇင်ဘာ(၉)ရက်နေ့လေးကတော့ ချစ်သက်လေးဖွင့်လှစ်ထားတဲ့ Sweet Child of TN & TM ကလေး အဝတ်အထည်နဲ့ အသုံးအဆောင်ပစ္စည်း ဆိုင် (၂) နှစ်ပြည့်ပွဲ နေ့ရက်လေးပဲ ဖြစ်ပါတယ်..။

ပရိသတ်တွေရဲ့ အသည်းကျော်လေး ချစ်သက်ကတော့ ဆိုင်(၂)နှစ်ပြည့် အထိမ်းအမှတ်လေးအဖြစ် အခမ်းအနားပွဲလေး ပြုလုပ်ပြီး မိသားစုနဲ့အတူ ဈေးတွေလည်း အတူရောင်းနေပါတယ်နော်..။

ဆရာစံလမ်းမှာ ဖွင့်လှစ်ထားတဲ့ ချစ်သက်လေးရဲ့ ဆိုင်(၂) ပွဲလေးကိုတော့ ချစ်ရတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပရိသတ်တွေလည်း တက်ရောက်အားပေးခဲ့ကြတာ တွေ့ရပါတယ်..။

ဆိုင်မှာ ဈေးရောင်ရင်း ပျော်နေတဲ့ ချစ်သက်လေးကတော့ ဒီကနေ့မှာ ဝယ်ယူအားပေးတဲ့ Customer များကို Sweet Child တီရှပ်များ လက်ဆောင်ပေးအပ်ခဲ့ပါသေးတယ်..။

ဆိုင်(၂)နှစ်ပြည့် အထိမ်းအမှတ်နေ့လေးမှာ ဈေးလည်းရောင်း သူငယ်ချင်းတွေနဲ့ အတူဆုံရင်း မျက်နှာပြောင်ကာပျော်နေတဲ့ ချစ်သက်လေးကတော့ တကယ်ကို ကလေးတစ်ယောက်လို ချစ်စရာကောင်းနေတာမို့ ပရိသတ်တွေက အချစ်ပိုနေကြပြန်ပါပြီနော်..။

ချစ်သက်လေးတို့ မိသားစုပုံရိပ်လေးတွေနဲ့ ဈေးရောင်းရင်း သူငယ်ချင်းတွေနဲ့ ပျော်နေတဲ့ ချစ်သက်လေးတို့ရဲ့ live ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ချစ်သက်၊ မပုံ့

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။