ပရိသတ်အချစ်တော် သင်ဇာဝင့်ကျော်ကတော့ အရွယ်တင်နုပျိုလှပပြီး ကျစ်လစ်တောင့်တင်းတဲ့ Body အလှကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ချိုသာတဲ့စကားပြောဟန်လေးတွေ ချစ်စရာကောင်းလွန်းတဲ့ အပြုအမှုလေးတွေကြောင့် ရင်ခုန်ချင်စရာကောင်းတဲ့ သူမရဲ့အလှတွေက ပရိသတ်တွေရဲ့ အာရုံကိုညို့ယူထားတာလည်း ဖြစ်ပါတယ်၊၊ 

ယနေ့မှာတော့ ပရိသတ်တွေချစ်ခင်အားပေးခဲ့တဲ့ သင်ဇာဝင့်ကျော်တစ်ယောက် ဘန်ကောက်မှာ မနေ့ညကကျင်းပခဲ့တဲ့ 808 festival bangkok ပွဲလေးမှာအပြတ်ကဲခဲ့ကြပါတယ်။ အလန်းစားဖက်ရှင်လေးနဲ့ဘန်ကောက်မှာအပြတ်ကဲနေတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် လူမှုကွန်ယက်ပေါ်တင်ပေးခဲ့ပါတယ်။

သင်ဇာကတော့ " 808 BKK 2018 "ဆိုပြီး အကြမ်းစားပုံရိပ်လေးနဲ့အတူ ပြောထားပါတယ်။ဘန်ကောက် က 808 festival bangkokကိုလဲ ပြည်သူချစ်အနပညာရှင်တွေဖြစ်ကြတဲ့ နေခြည်ဦး တိုင်ရွန်တို့လဲ လာရောက်ခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် 808 festival ပွဲမှာအပြတ်ကဲနေတဲ သင်ဇာရဲ့အကြမ်းစားပုံရိပ်လေးကိုဖော်ပြပေးလိုက်ပါတယ်။

source: thinzarwintkyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။