ပရိတ်သတ်ကြီးရေ... အရမ်းကိုချစ်ဖို့ကောင်းပြီး အသဲယားစရာကောင်းလှတဲ့ အမူအရာလေးတွေကြောင့် ပရိတ်သတ်တွေ ဝိုင်းပြီးချစ်နေရတဲ့ အဆိုတော်မလေးပိုပိုဟာ သံစဉ်ချိုချိုလေးတွေနဲ့ ပရိတ်သတ်တွေရင်ထဲကို ခံစားချက်ပေါင်းစုံကိုထည့်ပေးနိုင်သူလေးဖြစ်ပါတယ်။ ချစ်ဖူးခဲ့သမျှဆိုတဲ့ တေးအယ်လ်ဘမ်လေးနဲ့ ပရိတ်သတ်တွေလက်ခံအားပေးမှုကို တခဲနက်ရရှိထားတဲ့ အဆိုတော်မလေးလည်းဖြစ်ပါတယ်။

သူမဟာ အခုနောက်ပိုင်းမှာ ခေတ်ဆန်ဆန်လေးတွေဝတ်စားလာပြီး သူမရဲ့ဝင်းအိနေတဲ့အသားရောင်လေးနဲ့ လိုက်ဖက်တဲ့ဒီဇိုင်မျိုးလေးတွေရွေးဝတ်လာတာကိုတွေ့ရပါတယ်။ တခါတလေ ဝတ်စားထားတဲ့ ဒီဇိုင်းလေးတွေဟာ အရမ်းhotလွန်းတဲ့အတွက် သူမရဲ့ ခန္တာကိုယ်ကောက်ကြောင်းအလှတွေကို မသိမသာထွက်ပေါ်လာစေပါတယ်။ ခန္တာကိုယ်လေးကလည်း လှတာကြောင့်ပုရိသအပေါင်း ရင်ထဲလှိုက်ဖိုကာ ရင်အခုန်မြန်ခဲ့ရပါတယ်။

အဲ့လို အရမ်းကိုဆွဲဆောင်မှုရှိရှိနဲ့လှလွန်းတဲ့သူမကို ဘယ်လိုအကြောင်းအရာကအလှပျက်စေခဲ့လဲမသိပါဘူး။ သူမအရမ်းဝမ်းနည်းနေကြောင်း အသက်ရှင်ရတာသူမအတွက်ပင်ပန်းသလိုခံစားရကြောင်း သူမကို သူမတစ်ခုခုလုပ်မိချင်ကြောင်း ကိုယ့်ကိုယ်ကို သတ်သေချင်စိတ်ပေါက်နေကြောင်းတွေကို သူမရဲ့My dayမှာရေးသားထားတာကိုတွေ့ရပါတယ်။ ဘယ်အရာတွေကများသူမကို သတ်သေချင်စိတ်ပေါက်အောင်လောက်ထိဖြစ်စေတာလဲ ဆိုတာမသိရပေမယ့် သူမအမှန်တကယ်ခံစားနေရတဲ့အတွက် တခုခုဆိုခံစားလွယ်တတ်တဲ့ပရိတ်သတ်ကြီးရဲ့ အသည်းကျော်လေးတခုခုမဖြစ်အောင်အားဝိုင်းပေးလိုက်ကြပါအုန်းနော်။

Source:Po Po Singer

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။