အိုင်ဗီလေးက အဆိုတော် အေသင်ချိုဆွေရဲ့ ချစ်စရာ သမီးငယ်လေးပါ။အေသင်ကတော့ အဆိုတော်အနေနဲ့ စတင်လာတာပါ။အေသင်က အသံကောင်းကောင်းနဲ့ သီဆိုပြီး အေသင်ဆိုတဲ့သီချင်းတွေက အရင်ကလည်း အရမ်းပေါက်ခဲ့သလို အခုချိန်ထိလည်း အေသင်သီချင်းတွေ ကြားနေရဆဲပါ။သူမကအနုပညာအလုပ်ကို ဝါသနာအရင်းခံပြီး စတင်လျှောက်လှမ်းလာတာဖြစ်ပြီး ဇာတ်ကားတစ်ချို့မှာလည်း ပါဝင်သရုပ်ဆောင်သလို MTVတွေမှာလည်း သရုပ်ဆောင်တာမို့ သူမက သရုပ်ဆောင်မင်းသမီးအနေနဲ့လည်း မစိမ်းသက်ပါ။

သူမကဘဝအလှည့်အပြောင်းကြောင့် လောကဓံကို ခံလိုက်ရလို့ ခဏတာ အနုပညာအလုပ်ကို ရပ်နားပြီး အိုင်ဗီလေးကို မွေးဖွားခဲ့ပါတယ်။သူမက ဘယ်သူတွေဘယ်လိုပြောပါစေ သူမလွယ်ထားရတဲ့ ရင်သွေးလေးကို တာဝန်ယူမှု့မရှိတဲ့ လူအတွက် ဖျက်မချဘဲ ရအောင်မွေးခဲ့ပါတယ်။တကယ့်ကို မြင့်မြတ်တဲ့ မိခင်စိတ်ထား ရှိသူပါ။သူမရဲ့ သမီးလေးကလည်း မအေ အတိုင် အရမ်းချစ်ဖို့ကောင်းပါတယ်။ပရိတ်သက်ကြီးကလည်း အမေကိုလည်း ချစ်သလို အိုင်ဗီလေးကိုလည်း ချစ်ကြပါတယ်။

အေသင်က သူ့သမီးလေးကို ချစ်လွန်းလို့ တစိမ့်စိမ့်ထိုင်ကြည့်နေရင်းနဲ့တောင်အချစ်တွေတိုးနေရတာပါတဲ့ မိခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာတရားတွေကတော့ ဘာနဲ့မှ နှိုင်းယှဉ်လို့မရလောက်အောင်ပါပင်။အိုင်ဗီလေးကလည်း ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းတဲ့ ကလေးလေးတစ်ယောက်ပါ။အိုင်ဗီလေးက ချစ်မွှေးပါသူမို့ ပရိတ်သက်တွေကလည်း အိုင်ဗီလေးကို ချစ်ကြပါတယ်။အခုလည်း ချစ်စရာကောင်းအောင် စားသောက်နေတဲ့ အိုင်ဗီလေးရဲ့ ပုံတွေကို ပရိတ်သက်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်နော်။

Source:Athen Cho Swe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။