အိမ်စည်က ပိုလန်နိုင်ငံကို Miss ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်ခဲ့ပြီး အခုတော့ ဇာတိမြေကို ပြန်ရောက်လို့လာနေပါပြီ။ရွှေအိမ်စည်က မမျှော်လင့်ထားတဲ့ ရလဒ်ကြောင့် စိတ်မကောင်းဖြစ်နေသော်လည်း ဘယ်အရာမဆိုရဲရဲ ရင်ဆိုင်တတ်တဲ့ သူမရဲ့ စိတ်ကြောင့် သူမ့ ခံနိုင်ရည်ရှိစွာနဲ့ ပြုံးရွှင်ရယ်မောစွာ နေခဲ့ပါတယ်။ရွှေအိမ်စည်က ပြိုင်ပွဲကို ကြိုးစားပြိုင်ခဲ့သူတစ်ယောက်ဖြစ်တာကြောင့် ပရိတ်သက်တွေကလည်း သူမကို ယုံကြည်မှု့တွေပေးခဲ့ပါတယ်။Top 25ထဲ ဝင်ခဲ့ပေမယ့် ပရိတ်သက်က ဘာဖြစ်ဖြစ်အားပေးနေမှာပါတဲ့။ 

ပရိတ်သက်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ထားလို့ အိမ်စည်က ဘာပဲဖြစ်ဖြစ် ဆက်လက်ချစ်နေကြဦးမှာပဲ။အိမ်စည်က နောက်ထပ်Miss ပြိုင်ပွဲတွေ မပြိုင်တော့ဘဲ Hollywood ထိပဲရောက်အောင်သွားမယ်ဆိုတဲ့ ရည်မှန်းချက်အကြီးကြီးကို ထားရှိထားသူပါ။သူမလည်း Miss ပြိုင်ပွဲကို စိတ်ကုန်သွားပုံရပါတယ်။ဘာပြိုင်ပြိုင် အနှောင့်အယှက်တစ်ခုခု ဝင်နေတော့ အိမ်စည်လည်း စိတ်ကုန်လောက်ပါတယ်။

အိမ်စည်ရဲ့ အိမ်အပြန်ခရီးကို ပရိတ်သက်တွေကို အိမ်စည်က ကြိုစေချင်တာကြောင့် ပရိတ်သက်တွေကလည်း အိမ်စည့်ကို သွားရောက်ကြိုခဲ့ကြပါတယ်။ပရိတ်သက်တွေ လာကြိုလို့ ပျော်နေတဲ့ ပုံလေးကို Video ထဲမှာ ထင်ထင်ရှားရှားတွေ့မြင်ရမှာပါ။သူမအရမ်းပျော်နေပါတယ်။လာကြိုတဲ့ပရိတ်သက်တွေနဲ့လည်း Selfie တူတူဆွဲကြပါတယ်။မာန်မာနကင်းတဲ့ အိမ်စည်ပါ။အိမ်စည်က နောက်လည်း ပရိတ်သက်အတွက် အများကြီးကြိုးစားသွားဦးမှာမို့ ပရိတ်သက်ကြီးကလည်း အမြဲတမ်းအားပေးနေဦးမှာပါ။

Source:Shwe Eain Si

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။