ပြည်တွင်း ထူးချွန်ထက်မြတ်တဲ့ လူငယ်လူရွယ်များစွာကတော့ နေရာအနှံ့အပြားမှာ ပုံစံမျိုးစုံနဲ့ပေါ်ထွက်လျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ထူးချွန်ထက်မြတ်သူတွေထဲမှာ မြန်မာ့သံတေးသီချင်းတွေကို ပိုင်ပိုင်နိုင်နိုင်တီးခတ်သီဆိုနိုင်တဲ့ မောင်နှမနှစ်ယောက်ရဲ့ သတင်းလေးကတော့ ပရိသတ်တွေကြားမှာရေပန်းစားလျှက်ရှိတာတွေ့ရပါတယ်။  

အဆိုပါ မောင်နှမနှစ်ယောက်ကတော့ မရှင်းသန့်ဇင်နှင့် မောင်ကြယ်စင်လင်းတို့ပဲဖြစ်ပါတယ်။ မြန်မာ့သံတေးသီချင်းများစွာကို နယ်လှည့်ဖျော်ဖြေလေ့ရှိပြီး မြန်မာ့ဂီတပညာကို စိတ်ဝင်တစားလေ့လာလျှက်ရှိသူတွေလည်းဖြစ်တာတွေ့ရပါတယ်။ အဆိုပါ မောင်နှမနှစ်ယောက်ရဲ့ တေးသီချင်းသီဆိုမှုကတော့ များစွာရှိခဲ့ပြီး ကြည့်ရှု့သူ သန်းချီရှိနေတာတွေ့ရပါတယ်။  

စိတ်ဝင်စားစရာကောင်းလောက်အောင် တီးဆိုနိုင်သူတွေဖြစ်ပြီး ဖျော်ဖြေမှုပွဲတိုင်းမှာလည်း ပရိသတ်တွေကို ငေးမောစေနိုင်ခဲ့တာတွေ့ရပါတယ်။ အဆိုပါ မရှင်းသန့်ဇင်၊ မောင်ကြယ်ဇင်လင်းတို့ မောင်နှမနှစ်ယောက်ရဲ့ မြန်မာ့သံတေးသီချင်းများစွာထဲမှာမှ "အရိပ်ပမာမခွဲခွာ" သီချင်းလေ့ကျင့်မှုဗီဒီယိုဖိုင်လေးကို ကြည့်ရှု့သူ ၄သန်းခွဲ ရှိသွားပြီဖြစ်တာတွေ့ရပါတယ်။ အဆိုပါသီချင်းလေးကို ချစ်ပရိသတ်တွေနားဆင်နိုင်ဖို့ မျှဝေပေးရင်း မြန်မာ့သံတေးသီချင်းတွေကို ထိန်းသိမ်းသီဆိုနေတဲ့ မောင်နှမနှစ်ယောက်ကို ဆက်က်အားပေးကြဖို့တိုက်တွန်းပေးလိုက်ပါတယ်နော်။

Vedio - Kyal Sin Lin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။