လူတိုင်းမှာ အချစ်ဦးနဲ့ပက်သက်ပြီး မမေ့နိုင်ခဲ့တဲ့ အတိတ်တွေရှိခဲ့ကြပါလိမ့်မယ်။ တစ်ဦးနဲ့တစ်ဦးအပြန်အလှန်ပေးခဲ့တဲ့လက်ဆောင်တွေကို အမှတ်တရအဖြစ် သိမ်းထားတဲ့ လူတွေလည်းရှိပါတယ်..ဒီလိုလူတွေထဲမှာမှ Adrian Pearce ဆိုတဲ့အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ရည်းစားဟောင်းကလမ်းခွဲတဲ့နေ့မှာပေးခဲ့တဲ ့လက်ဆောင်ကိုနှစ်ပေါင်း ၄၇နှစ်ကြာတဲ့အထိ မဖွင့်ပဲသိမ်းထားတုန်းလို့သိရပါတယ်။

သူတို့နှစ်ယောက်ဟာ အသက်(၁၇)နှစ်အရွယ်မှာ စတင်တွေ့ခဲ့ကြတာဖြစ်ပြီး သူ့ရဲ့ အချစ်ဟောင်းမိန်းကလေးက ခရစ္စမတ်လက်ဆောင်ပေးပြီးတာနဲ့ သူ့ကိုလမ်းခွဲသွားခဲ့တာပါ။ အာ့အချိန်တုန်းက သူဟာအိမ်အပြန်လမ်းမှာ စိတ်ဆိုးဒေါသထွက်ပြီး ၀မ်းနည်းနေခဲ့ရပါတယ်။အသည်းကွဲရတဲ့ခံစားချက်ကပင်ပန်းလွန်းလို့ လက်ဆောင်ကိုတောင် ခရစ်စမတ်သစ်ပင်အောက်မှာ လွှင့်ပစ်ခဲ့ပါတယ်။မိသားစုတွေက သူတို့ရဲ့လက်ဆောင်တွေဖွင့်ကြည့်နေပေမဲ့ သူ့ရဲ့လက်ဆောင်ကတော့သစ်ပင်အောက်မှာဒီအတိုင်းပါပဲ။

အဲ့ဒီနောက် Adrian Pearceဟာ ဒီလက်ဆောင်ကိုဘယ်တော့မှဖွင့်ကြည့်မှာမဟုတ်ဘူးလို ့သူ့ရဲ့မိသားစုကိုပြောခဲ့ပါတယ်။ပြောခဲ့တဲ့စကားအတိုင်းပဲသူက ဒီနေ့ထိအောင်လက်ဆောင်ကိုမဖွင့်ခဲ့ပါဘူး။

လွန်ခဲ့တဲ့နှစ်အနည်းငယ်ကရည်းစားဟောင်းနဲ့ပြန်တွေ့ခဲ့ပါတယ်။ဒါပေမဲ့ Adrian Pearce က လက်ဆောင်ကိုုခရစ်စမတ်သစ်ပင်အောက်မှာထား ထားတုန်းပါပဲ။သူ့ရဲ့ရည်းစားဟောင်းမိန်းကလေးကလည်း လက်ထပ်ပြီးလို့ကလေးတွေတောင်ရနေပါပြီ။

Adrian Pearce ဟာဘာလို့ ဒီလက်ဆောင်ကို ဘာလို့သိမ်းထားခဲ့သလဲဆိုရင် သူ့ရည်းစားဟောင်းနဲ့ တစ်ချိန်ကျပြန်အဆင်ပြေသွားခဲ့ရင် နှစ်ယောက်အတူဖွင့်ကြည့်မယ်ဆိုတဲ့ မျှော်လင့်ချက်ကလေး တစ်ခုနဲ့မဖွင့်ပဲ သိမ်းထားခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် Adrian Pearceဟာ ဒီလက်ဆောင်လေးကို သိမ်းထားခဲ့တာ ၄၇နှစ်ကြာသွားခဲ့ပါပြီ…ထိုလက်ဆောင်ဘူးလေးကို သူသိမ်းထားတဲ့ နှစ်၅၀ပြည့်သွားတဲ့အချိန်မှ ဖွင့်ကြည့်ဖို့ဆုံးဖြတ်ထားတယ်လို့သိရပါတယ်။

Source : Buzzy

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။