ဆေးလိပ်ဟာ ကျန်းမာရေးအတွက်လုံးဝမကောင်းဘူးလို့ ပြောလည်းတစ်ချို့လူတွေက သောက်နေ စွဲနေ ကြတုန်းပါပဲ။ဆေးလိပ်ကို နေ့တိုင်းဖြတ်တာမဟုတ်ဘဲ မိနစ်ပိုင်းလောက်ဖြတ်ရင်တောင် ကျန်းမာရေးအတွက် အထူးကောင်းမွန်စေပါတယ်။ တစ်သက်လုံးဖြတ်ရင်ဘယ်လောက်ကောင်းလိုက်မလဲနော်။ဆေးလိပ်ကို မိနစ် ၂၀ ဖြတ်ရင်တောင် နှလုံးခုန်နှုန်းနဲ့ သွေးဖိအားကို ပုံမှန်ဖြစ်စေပါသတဲ့။ ကဲ ဒါဟာမိနစ် ၂၀ တည်းနော်။တစ်ကယ်လို့ ၈ နာရီသာဖြတ်ခဲ့ရင် သွေးထဲကိုရောက်နေတဲ့ နစ်ကိုတင်းနဲ့ ကာဗွန်မိုနောက်ဆိုက် ကိုလျော့နည်းသွားစေပါ တယ်။

ဆေးလိပ်မသောက်ပဲ နှစ်ရက်လောက် နေရင်တော့ အရသာ အနံ့ခံစွမ်းရည်ကို ပိုမိုကောင်းမွန်လာ စေပါတယ်။သုံး ရက်အကြာမှာတော့ ခန္ဓာကိုယ်မှာရှိတဲ့ လုပ်ဆောင်ချက်တွေ ကောင်းမွန်စေပါတယ်။ နောက်ထပ် ဖြတ်တဲ့ ကြာချိန် ၁ နှစ်ပြည့်သွားတဲ့ အခါလေဖြတ်နိုင်ခြေကို လျော့နည်းသွားစေပြီး နှလုံးနဲ့ ပတ်သက်တဲ့ဝေဒနာ ဥပမာ နှလုံး တိုက်ခိုက်ခံရခြင်း၊ တွေကို ၅၀ ရာခိုင်နှုန်းလောက် လျော့ကျသွားစေနိုင်တယ် လို့ ဆိုပါတယ်။

ဒီအတိုင်း ဆက်ဖြတ်သွားရင်တော့ နောင် ၁၀ နှစ်အကြာမှာ လူကောင်းအတိုင်း ဆေးလိပ်မသောက်တဲ့ သူတွေ အတိုင်း ခန္ဓာကိုယ်ရဲ့ လည်ပတ်မှုတွေက အံသြစရာကောင်းလောက်အောင်ကျန်းမာလာတာကို တွေကြုံခံစား ရမှာပါ။ ဒါကြောင့် ဆေးလိပ်စွဲသောက်နေတဲ့ သူတွေအတွက် စစချင်းတိခနဲ့ မဖြတ်ပဲ မိနစ်ချင်း တစ်လချင်း တစ်နှစ်ချင်းဖြတ်သွား ရင် သင်လည်း လူကောင်းတွေလို ဘာမှစိတ်ပူစရာမရှိပဲ ကျန်းမာရေးကောင်းမွန် လာမှဖြစ်ပါတယ်။ဆေးလိပ်က ကိုယ်တစ်ယောက်တည်းသောက်လို့ ကိုယ်ပဲကျန်းမာရေးထိခိုက်တာမဟုတ်ပါ ဘူး။ ဘေးပတ်ဝန်းကျင်က လူတွေကိုလည်း ဆေးလိပ်ငွေ့ကြောင့် ကျန်းမာရေးထိခိုက်စေပါတယ်။ 

Source: DIY: (Youtube)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။