အောင်မြင်နေတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ အိစိကွေးကတော့ ငယ်စဉ်ကတည်းက ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကိုရရှိနေပြီး ပရိသတ်တွေရဲ့အသည်းကျော်လေးဖြစ်နေပါတယ်။အိစိကွေးကတော့ လူပျိူပေါက်လေးဖြစ်လာပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိနေတဲ့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ 

ယနေ့မှာတော့ အိစိကွေးတစ်ယောက် အိမ်ပြန်လာရင် အမြဲစောင့်ကြိုနေတတ်တဲ့ ချစ်စရာကောင်းလွန်းတဲ့ ခွေးလေး သေဆုံးသွားလို့ ဝမ်းနည်းပတ်လက်ဖြစ်နေရှာပါတယ်။ အိစိကွေးကတော့ " ၁၃ နှစ်ကျော် သံယောဇဉ်ကိုမင်းဘယ်လိုဖြတ်နိင်ခဲ့တာလဲကွာထားသွားရက်တယ်ကွာအိမ်ပြန်လာရင် ငါ့ကို ဘယ်သူလာကြိုမှာလဲ " ဆိုပြီး ရေးသားထားပါတယ်။  

အိစိကွေးကတော့ " ငါစိတ်ညစ်နေရင် မင်းပဲဘေးမှာရှိပြီး ငါပြောသမျှတွေနားထောင်ပေးတဲ့မင်း မရှိတော့ ငါ က ဘယ်သူသွားပြောရမှာလဲငါ့ကိုထိရင် လိုက်ကိုက်တဲ့ မင်းက အခုငါ့ကို ဘာဖြစ်ဖြစ်ဆိုပြီးထားခဲ့မှာလား အိမ်မှာ မင်းမရှိရင် ငါ တစ်ယောက်တည်းကွ မင်းအရမ်း တစ်ကိုယ်ကောင်းဆန်တယ် ပိုရှီ ရာ ကောင်းရာဘုံ ကိုရောက်ပါစေကွာပြန်လာရင်လည်းငါ့မိသားစုထဲပြန်လာကွာ " ဆိုပြီး ရေးသားထားခဲ့ပါတယ်။ 

SOURCE: Eisi Kway

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။