ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်နေတဲ့ ပြည်သူ့အချစ်တော် လူပျိုကြီးဖြစ်တဲ့ သရုပ်ဆောင် သူထူးစံကတော့ အခုဆိုရင် ဇနီးချောလေးနဲ့အတူ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို စတင်ဖြတ်သန်းနေပါပြီနော်..။

သူထူးစံရဲ့ ဇနီးချောလေးကတော့ ပရိသတ်တွေနဲ့ မစိမ်းလှတဲ့သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင်မင်းသမီးချော ထိုက်စုဝင်းဖြစ်ပြီး လိုက်ဖက်ညီလွန်းတဲ့ သူတို့စုံတွဲဇနီးမောင်နှံလေးကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ(၉)ရက်နေ့ကပဲ မင်္ဂလာဦးဆွမ်းကျွေးအလှူလေးကို ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်..။

မင်္ဂလာဦးဆွမ်းကျွေးအလှူလေးကိုလည်း နေပြည်တော် တပ်ကုန်းမြို့လေးမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ရိုးရိုးရှင်းရှင်းလေးနဲ့ ပကာသနတွေမဖက်ပဲ အေးချမ်းကြည်နူးစရာကောင်းတဲ့ သူတို့ဇနီးမောင်နှံလေးရဲ့ မင်္ဂလာဦးအလှူလေးကတော့ တကယ်ကို ရိုးရှင်းအေးချမ်းလွန်းပါတယ်နော်..။

အလှူတွေ ဆက်တိုက်ပြုလုပ်နေတဲ့ သူထူစံနဲ့ ထိုက်ဆုဝင်းတို့ စုံတွဲလေးကတော့ မနက်ပိုင်းသံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းခဲ့သလို ညနေပိုင်းမှာလည်း မင်္ဂလာဦး ပရဟိတအလှူလေးအဖြစ် မဟာဗောဓိကျောင်းတိုက် ပရဟိတ အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းမှာ ကျောင်းသားကျောင်းသူလေးတွေအတွက် လှူဒါန်းမှုများလည်း ပြုလုပ်ခဲ့ကြပါသေးတယ်..။

နတ်လူသာဓုခေါ်တဲ့ သူတို့ဇနီးမောင်နှံလေးရဲ့ မင်္ဂလာဦးအလှူလေးတွေကိုတော့ ပရိသတ်တွေကလည်း သဘောကျစွာနဲ့ ဝမ်းသာအားရ သာဓုခေါ်ဆုတောင်း စကားလေးတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။

ဒီဇင်ဘာ(၉)ရက်နေ့လေးကတော့ သူထူးစံနဲ့ ဇနီးချောလေး ထိုက်ဆုဝင်းတို့ရဲ့ မင်္ဂလာရက်မြတ်လေးဖြစ်သလို တိုက်တိုက်ဆိုင်ဆိုင်နဲ့ သရုပ်ဆောင်မင်းသားချောသူထူးစံရဲ့ မွေးနေ့ရက်လေးလည်း ဖြစ်တာမို့ မွေးနေ့ဆုတောင်းလေးနဲ့အတူ မင်္ဂလာဆုတောင်းစကားလေးတွေကိုလည်း တွေ့ရပါသေးတယ်နော် ပရိသတ်ကြီး..။

Photo - Wai Hlyan Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။