မြန်မာအလှမယ် ရွှေအိမ်စည်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တဲ့ "Miss Supranational" ပြိုင်ပွဲကြီးကို နိုင်ငံကိုယ်စားပြုအဖြစ် ပိုလန်နိုင်ငံအထိ သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲကြီးမှာတော့ အိမ်စည်က ပရိသတ်တွေရဲ့ အကြီးအကျယ်အားပေးမှုကြောင့် နာမည်ကြီးခဲ့သလို Top 25 အထိ ဝင်နိုင်ခဲ့ပါတယ်။ မနေ့ညမှာတော့ အိမ်စည်က ပိုလန်ကနေ မြန်မာနိုင်ငံကို ပြန်လာခဲ့ပြီး ပရိသတ်တွေက သွားရောက်ကြိုဆိုခဲ့ကြပါတယ်။ ဒီပြိုင်ပွဲကြီး ကျင်းပနေစဉ်ကာလတစ်လျှောက်လုံးမှာ အိမ်စည်ရဲ့ပရိသတ်အချို့နဲ့ Miss Golden Land Myanmar အဖွဲ့အစည်းကြားမှာ ပြသနာပေါင်းများစွာ ဖြစ်ပွားခဲ့ပါတယ်။

အိမ်စည်အနေနဲ့ နောက်ဆုံးဖိုင်နယ်မှာ ဝတ်ဆင်မယ့် evening grown ကို organization က အချိန်မှီမပို့ပေးနိုင်ခဲ့တာကြောင့် အိမ်စည် ဒုက္ခရောက်ရတယ်လို့ ပရိသတ်တွေက ထင်မြင်ကြသလို Org ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ဖြေရှင်းခဲ့ပါတယ်။ သို့ပေမယ့်လည်း ပရိသတ်အချို့က Org ဘက်ကို ရိုင်းစိုင်းစွာဆဲရေးတိုင်းတွာမှုတွေ ပြုလုပ်နေပြီး ရည်ရွယ်ချက်ရှိရှိကို Cyber Bullying လုပ်ခံနေရတယ်လို့ MGLM က ဆိုပါတယ်။ ဒါကြောင့် အိမ်စည်ရဲ့ပရိသတ်တွေအတွက် "Organization ကဘာတွေလုပ်ပေးလဲ ဘာ Support မှမပေးဘူးဆိုလို့ပါ" ဆိုပြီး " အမှန်တရားအတွက် ဖြေရှင်းခြင်း " ဆိုတဲ့ခေါင်းစဉ်နဲ့တကွ အိမ်စည်ရဲ့အပြစ်ပေါင်းစုံနဲ့ အတွင်းရေးမှန်သမျှကို Official Facebook Page ကတစ်ဆင့် အတိအလင်း ချပြပြောဆိုခဲ့ပါတယ်။

Miss Golden Land Myanmar အဖွဲ့အစည်းရဲ့ပြောပြချက်အရ "အိမ်စည်က ပြိုင်ပွဲကာလတစ်လျှောက်လုံးမှာ သူတို့ရဲ့စည်းကမ်းချက်တွေကို မလိုက်နာခဲ့ရုံသာမက သူမစိတ်တိုင်းကျသာ အကုန်လုံးကိုဆောင်ရွက်ခဲ့ကြောင်း၊ ဒါ့အပြင် သူမရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့သာ တစ်ချိန်လုံး အလုပ်ရှုပ်ပြီး ပြိုင်ပွဲကို အာရုံမစိုက်ခဲ့ကြောင်း၊ ပြိုင်ပွဲအတွက် ထွက်ခွာဖို့အချိန်နှောင့်နှေးခဲ့ရတာလည်း သူမရဲ့ရှုပ်ထွေးတဲ့အကြောင်းတွေကြောင့် သာဖြစ်ကြောင်း၊ ပိုလန်နိုင်ငံက ပြိုင်ပွဲမှာလည်း No Smoking Room မှာ ဆေးလိပ်သောက်ခဲ့တာကြောင့် အဖွဲ့အစည်းကပါ ထိထိရောက်ရောက် သတိပေးခံခဲ့ရကြောင်း၊ မြန်မာနိုင်ငံအတွက် ကမ္ဘာ့ပြိုင်ပွဲကြီးမှာ အရှက်ရဖွယ်ကိစ္စတွေကို ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း၊ နောက်ဆုံး results မကောင်းတော့မှ ဝတ်စုံနဲ့ပတ်သက်ပြီး ပရိသတ်တွေနဲ့ ORG ကြား ရန်တိုက်ပေးခဲ့ကြောင်း၊ ORG အနေနဲ့ အိမ်စည်ရဲ့အပြစ်တွေကို သည်းခံခဲ့ပေမယ့်လည်း ခြိမ်းခြောက်ခံခဲ့ရတဲ့အပြင် ဆက်တိုက်ဆိုသလို တိုက်ခိုက်နေတာကြောင့် အခုလို ဖြေရှင်းရတာဖြစ်ကြောင်း" စတဲ့ခေါင်းစဉ်တွေနဲ့အတူ အိမ်စည်နဲ့ပတ်သက်တဲ့အကြောင်းတွေကို စာအရှည်ကြီးရေးပြီး ရှင်းလင်းပြောပြထားတာ တွေ့ရပါတယ်။ အိမ်စည်ဘက်ကတော့ အသိပေးကြောညာစာထုတ်ပြီး သူမရဲ့အပြစ်တွေကို အခုလို ထုတ်ပြောတာနဲ့ပတ်သက်ပြီး ပြန်လည်ဖြေရှင်းထားတာမျိုးမရှိသေးပါဘူး။ ပရိသတ်တွေအတွက် Miss Golden Land Myanmar အဖွဲ့အစည်းရဲ့ပြောပြချက်တွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

Source:Miss Golden Land Myanmar;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။