အင်္ဂလန်ပရီးမီးယားလိဂ် အကြိတ်အနယ်ရှင်းပြိုင်ကြတဲ့ လိဂ် ဖြစ်ပြီး လူတွေအတော်အများ လဲအားပေးကြပါတယ်။ အင်္ဂလန်ပရီးမီးယားလိဂ်မှာဆိုရင် အသင်းသေးဆိုတာမရှိပါဘူး။ အသင်းအကုန်လုံးက အကြိတ်အနယ် ယှဉ်ပြိုင်နေကြတာပါကြီးပဲ။ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ ပရီးမီးယားလိဂ်ရဲ့ထိပ်ဆုံးသုံးနေရာက အသင်းက ဘယ်အသင်းတွေဖြစ်မလဲ..။ 

အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ထိပ်ဆုံးမှာတော့ Liverpool အသင်းဟာရပ်တည်နေပြီး နံပါတ်နှစ်နေရာမှာ Man City ဖြစ်ပြီး နံပါတ်သုံးနေရာမှာတော့ စပါးပဲဖြစ်ပါတယ်။ Liverpool ရဲ့ရမှတ်ကတော့ ၄၂မှတ်ဖြစ်ပြီး Man City ကတော့ ၄၁မှတ်ပဲဖြစ်ပါတယ်။ သူတို့ဟာ၁မှတ်စီပဲ ကွာထားကြပြီး ဘယ်အသင်းကပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်မလဲဆိုတာကိုတော့ ရင်ခုန်စောင့်မျှော်လျက်ပါ။

Rank Team P W D L GD Pts

1st Liverpool 16 13 3 0 28 42

2nd Man City 16 13 2 1 41 41

3rd Tottenham 16 12 0 4 14 36

4th Chelsea 16 10 4 2 20 34

5th Arsenal 16 10 4 2 15 34

6th Man Utd 16 7 5 4 2 26 

Man City ဟာဆိုရင် Everton နဲ့ လာမဲ့စနေနေ့မှာ ရင်ဆိုင်ရမှာဖြစ်ပြီး ကြာသပတေးနေ့မှာတော့ Champions League မှာ TSG Hoffenheim အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ Liverpool ကတော့ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိထိပ်ဆုံးမှာ ရပ်တည်ကာ ခုလာမဲ့ တနင်္ဂနွေ နေ့မှာတော့ အဆင့်ခြောက်နေရာက Man U နဲ့ ရင်ဆိုင်ကစားရမှာ ဖြစ်ပြီး Champion League မှာတော့ Napoli နဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။ပရိတ်သတ်ကြီး စောင့်မျှော်ကြည့်ရှူလှည့်ပါ။

Source : Sky sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။