လတ်တလောမှာတော့ အလှမယ် ရွှေအိမ်စည်က သူမနဲ့ပတ်သက်တဲ့ သတင်းဆိုးတွေနဲ့ အတွင်းရေးတစ်ချို့ကို လူမှုကွန်ယက်စာမျက်နှာထက်မှာ ဖွင့်ချခံနေရပါတယ်။ အကြောင်းရင်းကတော့ အိမ်စည်က သူမရဲ့အဖွဲ့အစည်းနဲ့ ပရိသတ်တွေအကြား ရန်တိုက်ပေးခဲ့တယ်ဆိုတဲ့ သတင်းကနေ စတင်ခဲ့တာ ဖြစ်ပါတယ် ။ ဒါကြောင့် အဖွဲ့အစည်းဘက်ကနေ '' အမှန်တရားအတွက် ဖြေရှင်းခြင်း'' ဆိုတဲ့ခေါင်းစဉ်နဲ့အတူ အိမ်စည့်ရဲ့အကြောင်းတွေကို စာအရှည်ကြီးတင်ပြီး ပြောပြခဲ့ပါတယ်။

ဒါကြောင့် အိမ်စည်က ဒီအကြောင်းနဲ့ပတ်သက်ပြီး သူမရဲ့ Official Page ကနေ '' မနေ့ညက ထင်မထားလောက်အောင်ကို တစ်ခဲနက် လာကြိုပေးတဲ့ ချစ်ပရိသတ်တွေကို ကျေးဇူး အရမ်းတင်မိပါတယ်။ အားပေးတဲ့ ပရိသတ်တွေခုမနက် စိတ်မသာမယာဖြစ်အောင် အိမ်စည့်အကြောင်း အပုပ်ချရေးသားတာ ရှိလာလို့ ဘယ်လိုတုံ့ပြန်မလဲ လာမေးနေကြတယ်။ ခရီးသွားနေတုန်း မြန်မာပြည်မှာ မလုပ်ဖြစ်တဲ့ အနုပညာအလုပ်တွေ ပြန်စီစဉ်ရတာ၊ အားပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း တုံ့ပြန်ရတာ၊ အရင်းနှီးဆုံး ဆွေမျိုး သူငယ်ချင်းတွေနှင့် အချိန်ပေးရတာကြောင့် သူများ စာရှည်ရှည်ရေးထားရင် ဖတ်နိုင်ဖို့ အသာထား Facebook တောင် ဝင်ဖတ်ချိန်မရှိပါဘူး။ အဲတော့ ဘာရေးထားမှန်း သေခြာမသိတာကို ဘာမှလည်း မတုံ့ပြန်လိုပါဘူး။'' ဆိုပြီး ပရိသတ်တွေကို ပြောပြခဲ့ပါတယ်။

ဒါ့အပြင် အိမ်စည်က ''ကိုယ်သိတာကိုပဲ ပြောရင်တော့ ၁။ အိမ်စည်နှင့် ပတ်သက်နေသေးတဲ့ Organisation ကိုရော ပုဂ္ဂိုလ်တွေကိုရော ထိခိုက်အောင် အိမ်စည့်ဖက်က မီဒီယာမှာ၊ လူမှုကွန်ယက်မှာ ပြောဆို ရေးသား အပြစ်တင်တာ တစ်ခုမှ လုပ်ခဲ့တာ မရှိဘူးဆိုတာ ပြောရဲပါတယ်။ အဖွဲ့အစည်းနှင့် အခက်အခဲတွေ့ရင် မြိုသိပ်ဖြေရှင်းပြီး၊ အဆင်ပြေတဲ့ ကိစ္စကို လူပိုသိအောင် ပြောပေးတာမျိုးပဲ ရှိပါတယ်။

၂။ အိမ်စည့် အကြောင်း ဘာရေးထားလဲ ကိုယ်တိုင်မဖတ်ရသေးပေမယ့် မနေ့ တစ်နေ့ကပဲ cyber bullying ရဲ့ အပြစ်တွေကို ထောက်ပြထားတဲ့ အဖွဲ့အစည်းတစ်ခု ဆိုတော့ ဘာမှ မိချောင်းမင်း ရေခင်းပြနေစရာ မလိုတော့ဘူး ထင်ပါတယ်။

*ပြိုင်ပွဲမှာ အိမ်စည့်ကို ပေးခဲ့တဲ့ နေရာကို အားမရပေမယ့် အိမ်စည် လုပ်ခွင့်ရခဲ့တဲ့ performance ကို ကျေနပ်တယ်

* ဒါကိုလည်း အိမ်စည့် ပရိသတ်က အသိအမှတ်ပြုတယ်။ ကဲ ဘာလိုသေးလို့လဲ။ ပျော်ရမယ့် အချိန်မှာ ပရိသတ်တွေ ခေါင်းရှုပ်စရာတွေ အရေးလုပ်မနေပါနှင့်တော့။ ရှေ့ဆက် လုပ်စရာတွေ အများကြီးရှိသေးတယ်။ ဆက်လက် အားပေးကြပါ။ ရွှေအိမ်စည်'' ဆိုပြီး ပြန်လည်ဖြေရှင်းခဲ့တာ တွေ့ရပါတယ်။

Source: Shwe Eain Si;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။