ပရိတ်သတ်ကြီးရေ... နိုင်ငံခြားဆန်ဆန်ရိုက်ကွင်း ရိုက်ကွက်ရှုထောင့်တွေနဲ့အတူ အိုင်ဒီယာအသစ်အဆန်းတွေနဲ့ ဇာတ်ကားတစ်ကားကို ပုံဖော်ရိုက်ကူးတတ်တဲ့ ဒါရိုက်တာညိုမင်းလွင်ဟာ ရုံတင်ဇာတ်ကားကြီးဖြစ်တဲ့ အနန္တဆိုတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အာကာသ သိပ္ပံရုပ်ရှင်ကို ရိုက်ကူးခဲ့သူလည်းဖြစ်ပါတယ်။ သရုပ်ဆောင်တစ်ယောက်လည်းဖြစ်ပြီး ဒါရိုက်တာပိုင်းမှာတော့ ပိုပြီးထူးချွန်သူတစ်ယောက်ဖြစ်ပါတယ်။ 

သူဟာ သူဝါသနာပါတဲ့အလုပ်ကို သူများအဝေဖန်ခံပြီးတော့ ကြိုးစားတဲ့ အပြင် အလှူအတန်းကိုလည်း ရှိရင်ရှိသလို အချိန်ရရင်ရသလိုပြုလေ့ရှိသူတစ်ဦးလည်းဖြစ်ပါတယ်။ လူရွယ်တစ်ယောက်ဖြစ်လာတဲ့အလျှောက် ပိုမိုရင့်ကျက်လာတဲ့ညိုမင်းလွင်ဟာ နောင်ဘဝအတွက် အလှူအတန်းပြုတဲ့အနေနဲ့ တိုက်ကြီးမြို့နယ် ဂုဏ်လင်းတောင်မှာ ဘုရားတစ်ဆူ ကို လှူဒါန်းတည်ထားခဲ့ပါတယ်။

တစ်ချို့ပရိတ်သတ်တွေဆိုရင် သူဒီလို ဘုရားတည်ထားတယ်ဆိုတာတောင်မသိကြပါဘူး။ အခုဆိုရင် သူတည်ထားတဲ့ ဘုရားကြီးဟာ တဖြည်းဖြည်းနဲ့ရုပ်လုံးပေါ်လာပြီး အကြမ်းထည်ပြီးနေပြီဖြစ်ပါတယ်။ ဒီလိုကြည်ညို သပ္ပါယ်ဖွယ်ဘုရားကြီးရဲ့ပုံတော်ကိုတော့ သူ့ရဲ့ facebookစာမျက်နှာပေါ်မှာ လူနတ်သာဓုခေါ်လို့ရအောင်တင်ထားပေးခဲ့ပါတယ်နော်။ ပရိတ်သတ်ကြီးလည်း သာဓုခေါ်ပြီးအလကားနေ အလကား ကုသိုလ်ရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ 

Source : Nyo Min Lwin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။