ပရိသတ်ကြီးရေ အဆိုတော်မလေး ပိုပိုကတော့ "ချစ်ဖူးခဲ့သမျှ" သီချင်းအခွေလေးနဲ့ အားလုံးရင်ထဲမှာ နေရာယူခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံးတစ်ကိုယ်တော် အယ်ဘမ်လေးနဲ့တင် အောင်မြင်ရခဲ့တဲ့ ပိုပိုက အခုဆိုရင် ရှိုးပွဲပေါင်းများစွာ သီဆိုနေရသလို တေးအမ်ဘမ်အသစ်တွေ ထွက်ရှိထားပါတယ်။ လတ်တလောမှာလည်း ပိုပိုက "Master Piece" ဆိုတဲ့ အခွေသစ်လေးကို ထွက်ရှိထားပြီး အောင်မြင်မှုတွေကို ဆက်လက်ထိန်းသိမ်းထားတာ တွေ့ရပါတယ်။

သီချင်းလေးတွေကို ကိုယ်တိုင်ရေးစပ်ဖန်တီး သီဆိုလေ့ရှိတဲ့ ပိုပိုက လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ အဆိုတော်မလေးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်နေ့တစ်ခြား ပိုပိုလှလာတဲ့ ဖက်ရှင်အလန်းတွေနဲ့ သူမကို ပုရိသကိုကိုတွေကလည်း ချစ်ခင်ကြပါတယ်။ ပိုပိုက သူမရဲ့ facebook မှာ Tik Tok ဗီဒီယိုလေးတွေကို မကြာခဏတင်လေ့ရှိပြီး သူရဲ့ Tik tok ဗီဒီယိုလေးတွေကလည်း ရေပန်းစား လူကြိုက်များတာတွေ့ရပါတယ်။

လတ်တလောမှာလည်း ရိုက်ကွင်းမှာ ရူတင်နားချိန်လေး အနုပညာမောင်နှမများနဲ့အတူ ပျော်ပျော်ပါးပါး စနောက်ကာ ရိုက်ထားတဲ့ အခွီ ဗီဒီယိုဖိုင်လေးကိုဖော်ပြထားတာတွေ့ရပါတယ်။ဗီဒီယိုလေးကြည့်ပြီး အရမ်းရီနေရတာကြောင့် ပရိသတ်ကြီးကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

Source:Po Po & Zay ya

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။