သိမ်းပိုက်ခံ အနောက်ဘက်ကမ်းပါးမှာ အခြေချနေတဲ့ ဂျူးရပ်ကွက်နား ဘတ်စ်ကားမှတ်တိုင်နားမှာတော့ သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။

ဒီသေနတ်ပစ်ခတ်မှုကတော့ ရပ်နေတဲ့ အစ္စရေးလူအုပ်စုကို ပါလက်စတိုင်းတယောက်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာပဲဖြစ်ပါတယ်။

ဒီပစ်ခတ်မှုဟာ ဒီဇင်ဘာ ၉ ရက်က ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး အမျိုးသမီးတယောက် အသည်းအသန် အခြေအနေမှာ ရှိတယ်လို့သိရပါတယ်။

ဒါ့အပြင် ၎င်းပစ်ခတ်မှုကြောင့်ပဲ ဒဏ်ရာရသူ စုစုပေါင်း ၆ ဦးအထိရှိခဲ့ပါတယ်။ 

ပစ်ခတ်ခဲ့တဲ့ သေနတ်သမားကိုတော့ အခုအချိန်ထိဖမ်းဆီးရရှိခြင်း မရှိသေးပါဘူး။

တာဝန်ရှိသူတွေအနေနဲ့လည်း ဒီအမှုကိုအမြန်ဆုံးဖော်ထုတ်နိုင်ဖို့ ကျိုးစားဆောင်ရွက်နေတယ်လို့သိရပါတယ်။  

source  - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။