ပရိသတ်ကြီးကို ဒီတစ်ခါဖော်ပြပေးချင်တာကတော့ အေးလွန်းတဲ့ အရပ်ဒေသတွေမှာနေထိုင်တဲ့ သူတွေပဲကြုံတွေ့ရတဲ့ အရာတွေကို ဖော်ပြပေးချင်ပါတယ်။ လူတော်တော်များများ ကိုမေးကြည့်မယ်ဆိုရင် အေးတဲ့အရပ်ဒေသတွေမှာပဲ နေချင်တယ်လို့ ရွေးချယ်ကြမယ်လို့ ဖြေကြတာများပါတယ်။ ဒါပေမယ့် အလွန်အေးတဲ့နေရာတွေမှာ ဘယ်လိုတွေကြုံတွေ့ရမလဲဆိုတာ ပရိသတ်ကြီး ဗဟုသုတရစေရန်အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။ 

ပုံလေးတစ်ပုံချင်းစီဟာ နိုင်ငံမျိုးစုံက အလွန်အေးတဲ့ရာသီတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အနေအထား တွေကို ရိုက်ကူုးထားတွေပုံရိပ်တွေကို စုစည်းပြီးဖော်ပြပေးလိုက်ပါတယ်။ အထူးသဖြင့် မြောက်ဝင်ရိုးစွန်း အရပ်ဒေသမှာရှိတဲ့ နိုင်ငံတွေမှာ အလွန်အအေးပိုတဲ့ အတွက်ကြောင့် ဆီးနှင်းတွေ ထူပိန်းနေအောင် ကျဆင်းလျက်ရှိပြီး ၁၂ရာသီလုံး အနွေးထည်ကို ချွတ်ရတယ်လို့ မရှိပါဘူး။ 

ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ယခုလို ဆီးနှင်းကျတဲ့ ဒေသတွေ ရှိပေမယ့်လည်း နေရာတော်တော်များများမှာတော့ သာမန်ထက်ပိုအေးတဲ့အနေအထားလောက်မှာပဲရှိပါတယ်။ ဒါ့ကြောင့် အခုလို ပုံထဲမှာမြင်ရတဲ့အတိုင်း အလွန်အေးတဲ့နေရာတွေပြင်ဆင်လို့ရအောင် ပုံလေးတွေဖော်ပြပေးလိုက်ပါတယ်နော်။ Myanmarload ပရိသတ်ကြီးရော အခုလို အလွန့်အလွန် အေးတဲ့ နေရာဒေသတွေကို သွားလည်ချင်တဲ့သူတွေရှိလားဆိုတာ ဖြေခဲ့ပေးပါနော်။ 

Photo Source : Save Time Be Smart

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။