လက်ရှိ မြန်မာ့လက်ဝှေ့လောကရဲ့ ချန်ပီယံတစ်ဦးအဖြစ်ရပ်တည်နေတဲ့ ကနေဒါနိုင်ငံသား ဒေဝကိုတော့ အားလုံးသိပြီးသားဖြစ်မှာပါ။ ထိုးချက်တိုက်ချက်တွေနဲ့အတူ နိုင်ငံအသီးသီက လက်ဝှေ့ဖိုက်တာတွေကို အလဲထိုးအနိုင်ယူခဲ့ပြီး ယခင်မြန်မာ့လက်ဝှေ့ချန်ပီယံဟောင်း ထွန်းထွန်းမင်းကိုလည်း အလဲထိုးနိုင်ခဲ့သူတစ်ယောက်လည်း ဖြစ်တာတွေ့ရပါတယ်။   

လာမည့် ဒီဇင်ဘာလ ၁၆ရက်နေ့မှာ ကျင်းပသွားမည့် မြန်မာ့ချန်ပီယံလုပွဲ ထွန်းထွန်းမင်း(မြန်မာ)နှင့် ဒေဝ(ကနေဒါ)တို့ရဲ့ မကျေပွဲကိုတော့ အားလုံးစောင့်မျှော်နေပြီထင်ပါတယ်။ လက်ရှိ ပြိုင်ပွဲအတွက် ပြင်ဆင်မှုကိုယ်ဆီပြုလုပ်နေကြပြီး ဒီနှစ်ရဲ့ ပရိသတ်အကြိုက်ပွဲကောင်းတစ်ခုလည်း ဖြစ်လာမှာသေချာပါတယ်။ ပရိသတ်အချစ်တော် ဒေဝကလည်း ထွန်းထွန်းမင်းနဲ့ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ခဲ့ပြီးပြီဖြစ်ကြောင်း သိရပါတယ်။  

တစ်ဦးနဲ့ တစ်ဦးအပြိုင်အဆိုင်စိန်ခေါ်မှုတွေနဲ့အတူ ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်လာမည့် ဒေဝနဲ့ ထွန်းထွန်းမင်းတို့ပွဲကတော့ ပရိသတ်တွေကြားရေပန်းစားလျှက်ရှိတာတွေ့၇ပါတယ်။ ထွန်းထွန်းမင်းနဲ့ပတ်သက်ပြီး ဒေဝကတော့ "နောက်ထပ်စိန်ခေါ်မဲ့သူအတွက် ကျွန်တော် အဆင်သင့်ဖြစ်နေပါပြီ

I’m ready for the next Challenger. TTM where are you?" ဟူ၍ လည်း ရေးသားထားတာတွေ့ရပါတယ်။ စိန်ခေါ်မှုတွေပြင်းထန်နေပြီး အကောင်းဆုံးပွဲတစ်ပွဲဖြစ်လာမည့် ဒေဝနဲ့ ထွန်းထွန်းမင်းတို့ပွဲကို ပရိသတ်တွေနဲ့အတူ အားပေးဖို့ဖိတ်ရင်း လက်တလောပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - Dave

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။