စကြာဝဠာကြီးထဲမှုာ ဂြိုလ်ပေါင်းများစွာရှိကြပါတယ်။ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာဂြိုလ်တစ်ခုထဲ သက်ရှိမျိုးစိတ်တွေ ရှိတာမဟုတ်ပါဘူး။ တခြားဂြိုလ်တွေမှာလည်း သက်ရှိမျိုးစိတ်တွေရှိကြပါတယ်။ ကျွန်တော်တို့က သူတို့ကို ဂြိုလ်သားလို့ခေါ်ကြပြီး သူတို့ကလဲ ကျွန်တော်တို့ကို ဂြိုလ်သားတွေလို့ပြန်ခေါ်ကြလောက်ပါတယ်။

ကျွန်တော်တို့ ကမ္ဘာကြီးပေါ်ကို ဂြိုလ်သားတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက လာရောက်ခဲ့ကြပြီး လူတွေကိုလဲ ကူညီခဲ့ဖူးတယ်လို့ သတင်းပေါင်းများစွာ သမိုင်းပေါင်းများစွာ ရှိပါတယ်။ ခုချိန်မှာလည်း သူတို့တွေဟာ လူသားတွေမသိအောင်လာတတ်တယ်လို့ သတင်းတွေ Video တွေ တက်တက်လာစမြဲပါ။NASA က သိပ္ပံပညာရှင်တစ်ယောက်ဖြစ်တဲ့ Silvano P Colombano ဟာ ဂြိုလ်သားတွေ ကမ္ဘာပေါ်ကို လူမသိအောင်လာကြတယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။

ဂြိုလ်သားတွေဟာ လူတွေကိုပြန်ပေးဆွဲသွားကြတယ်လို့ သူတို့ကို စမ်းသပ်တဲ့ Video တို့ ကင်မရာပေါ်မှာဖမ်းမိတာတို့ စသဖြင့် သတင်းတွေထွက်လာကာ တချို့Video ကိုလည်း Youtube မှာတွေ့ရှိနိုင်ပါတယ်။ သင်ဆိုရင်ရော ဂြိုလ်သားကိုအပြင်မှာတွေ့ရင်ဖြစ်ဖြစ် ပြန်ပေးဆွဲခံရရင်ဖြစ်ဖြစ် ဘယ်လိုရင်ဆိုင်မလဲ။

Source : Mirror New

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။