ကြော်ငြာမင်းသမီးလေး ယွန်းဝတီလွင်မိုးကတော့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ နာမည်ကျော် သရုပ်ဆောင် လွင်မိုးရဲ့သမီးကြီးတစ်ယောက်ဖြစ်တဲ့ ယွန်းက ဖခင်ရဲ့အနုပညာအမွေကို ဆက်လက်ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးတဲ့နောက်မှာလည်း အနုပညာအလုပ်တွေ ဆက်လက်လုပ်ကိုင်နေတဲ့ သူမက သားလေးကိုလည်း တာဝန်မလစ်ဟင်းအောင် စောင့်ရှောက်ပေးနေတာ တွေ့ရပါတယ်။

ယွန်းရဲ့သားလေးက အခုဆိုရင် အသက်လေးလကျော်သွားပြီဖြစ်သလို ဝဝကစ်ကစ်လေးနဲ့ အရမ်းကိုလည်း ချစ်ဖို့ကောင်းလာပါတယ်။ ယွန်းရဲ့ခင်ပွန်းကလည်း ဇနီးနဲ့သားလေးကို အချန်ပြည့်ဂရုစိုက်ပေးနေတာ ဖြစ်ပါတယ် ။ပျော်ရရွှင်ချမ်းမြေ့စရာ အိမ်ထောင်သည်ဘဝလေးကို ရရှိထားတဲ့ ယွန်းက အခုလည်း ခင်ပွန်းနဲ့အတူ အပြင်ထွက်လည်ရင်း အပျော်ကြီးပျော်နေခဲ့ပါတယ်။

ယွန်းက ချစ်ခင်ပွန်းရဲ့ဂရုစိုက်မှုတွေအောက်မှာ ကလေးလေးတစ်ယောက်လို ပျော်ရွှင်နေတာ တွေ့ရပါတယ်။ ယွန်းရဲ့ခင်ပွန်းက ဇနီးလေးရဲ့ ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကို ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်နေတဲ့မြင်ကွင်းလေးကတော့ အရမ်းကိုကြည်နူးစရာကောင်းနေတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံရဲ့ ချစ်စရာ ဗီဒီယိုလေး

Source:Yunwaddy

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။