မကြာခင်ကကျင်းပခဲ့တဲ့ပိုလန်နိုင်ငံက ကျင်းပတဲ့ "Miss Supranational" ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေခဲ့ပါတယ်။ရွှေအိမ်စည်တစ်ယောက်ကတော့ ပိုလန်ကပြန်လာပြီး Miss Golden Land Myanmar အဖွဲ့အစည်းနဲ့ ယခုမှာပြသနာတွေဖြစ်ပွားနေခဲ့ပါတယ်။  

ရွှေအိမ်စည်က သူမနဲ့ပတ်သက်တဲ့ သတင်းဆိုးတွေနဲ့ အတွင်းရေးတစ်ချို့ကို လူမှုကွန်ယက်စာမျက်နှာထက်မှာ ဖွင့်ချခံနေရပါတယ်။ အကြောင်းရင်းကတော့ အိမ်စည်က သူမရဲ့အဖွဲ့အစည်းနဲ့ ပရိသတ်တွေအကြား ရန်တိုက်ပေးခဲ့တယ်ဆိုတဲ့ သတင်းကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ ယနေ့မှာတော့ ရွှေအိမ်စည်တစ်ယောက် သူမကို ဝေဖန်ပြစ်တင်နေကြတဲ့ သူတွေအပေါ် ပညာသားပါပါနဲ့ပြန်လည်တုန့်ပြန်လိုက်ပါတယ်။

ရွှေအိမ်စည်ကတော့ " ကျားကွက်ဆိုတာရွေ့တက်မှဘုရင်မကိုစားလို့ရတာနော် " ဆိုပြီး သူမကို ဝေဖန်နေကြတဲ့လူတွေအပေါ်စကားလေးတစ်ခွန်းတည်းနဲ့အပေါ် ပြန်လည်တုန့်ပြန်လိုက်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ပရိသတ်တွေချစ်ခင်အားပေးခဲ့ရတဲ့ ရွှေအိမ်စည်ရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

source: Shwe Eain Si

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။