Miss Supranational 2018 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ရွှေအိမ်စည်ကတော့ ပရိတ်သတ်တွေရဲ့ အားပေးမှုတွေနဲ့ Crown ပိုင်ဆိုင်ခွင့်မရခဲ့ပေမဲ့ အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ခဲ့တယ်ဆိုတာကို ပရိတ်သတ်တွေ အသိဆုံးဖြစ်ပါလိမ့်မယ်။ ပြိုင်ပွဲပြီးသွားချိန်မှာထွက်ပေါ်လာတဲ့ အိမ်စည်အပေါ် ပရိတ်သတ်တွေရဲ့ အားပေးမှုတွေ ပျက်ပြားသွားအောင် ဖော်ထုတ်ခဲ့တဲ့ အိမ်စည်ရဲ့ သတင်းဆိုးတွေနဲ့ ပတ်သတ်ပြီး စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

ဘယ်လိုပင်ဖြစ်နေပါစေ အိမ်စည်ကတော့ " အိမ်စည်ကလည်း ပရိတ်သတ်တွေကို ချစ်တယ် ၊ ပရိတ်သတ်တွေကလည်း အိမ်စည်ကို ချစ်တယ် ဆိုရင် လုံလောက်ပါပြီ။ ပြစ်တင်ပြောဆိုးနေတဲ့ သတင်းတွေနဲ့ ပတ်သတ်ပြီး အိမ်စည်ဘာမှမသိတဲ့ အတွက် ပြန်လည်ဖြေရှင်းစရာလည်း မရှိပါဘူး " လို့ ပြောခဲ့ပါတယ်။ ကမ္ဘာ့အလယ်မှာ သူများတွေမလုပ်နိုင်တဲ့ အလုပ်တစ်ခုကို အကောင်းဆုံးလုပ်ပြသွားနိုင်တဲ့ အိမ်စည်ကို ပရိတ်သတ်တွေကလည်း ဘယ်လိုပင်တိုက်ခိုက်မှုတွေရှိရှိ ယခု အချိန်ထိ အားပေးနေဆဲ ဖြစ်ပါတယ်။ အိမ်စည်က နောက်ထပ် အလှမယ်ပြိုင်ပွဲ ဝင်ပြိုင်ဖြစ်မှာ မဟုတ်တော့တဲ့ အကြောင်းကိုလည်း ပရိတ်သတ်တွေကို ပြောပြခဲ့ပါတယ်။

အိမ်စည်က " ခွန်အားပြည့်ဝတဲ့ မိန်းကလေးငယ်လေးတွေ နေ့စဉ် ကိုယ့်စွမ်းအင်နှင့်ကိုယ် တိုက်ပွဲဝင်နေကြတာ အားတက်ဖွယ် တွေ့ခွင့်ရခဲ့လို့ ဒီခရီးစဉ်ကြီးမှာ ပါဝင်ခဲ့ရတာ အားရကျေနပ်မိပါတယ်။ပွဲကျင်းပစဉ် တစ်လျောက် တွေ့ဖူးသမျှ မိတ်ဆွေတွေထဲမှာ အတည်ကြည်ဆုံး လူဖြောင့်တွေတွေအဖြစ် ပြိုင်ပွဲဝင်တွေကို သိကြွမ်းခင်မင်ခွင့်ရခဲ့တာက အကြီးမားဆုံး အကျိုးကျေးဇူးပါပဲ။ သဲလေးတို့ကို အမြဲ သတိရနေမိမှာ အမှန်ပဲ။ " ဆိုပြီး သူမရဲ့ ပြိုင်ပွဲတစ်လျှောက်ရခဲ့တဲ့ အတွေ့အကြုံတစ်ခုကိုပြောပြရင်း နောက်ဆုံး Final ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှပုံရိပ်တွေကို ပရိတ်သတ်တွေအတွက် ဝေမျှပေးလိုက်တာဖြစ်ပါတယ်။ အိမ်စည်ကိုချစ်တဲ့ ပရိတ်သတ်တွေလည်း အားပေးလိုက်ပါအုံးနော်...။

Source:Shwe Eain Si

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။