ပရိသတ်အချစ်တော် အနုပညာရှင်တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ သုသုကတော့ အမြဲလိုလို ဟာသဗီဒီယိုလေးတွေနဲ့ အားလုံးကို ပျော်ရွှင်စေနိုင်တာကြောင့် မျက်နှာပွင့်နေတာ ဖြစ်ပါတယ်။ စိတ်သဘောထားကောင်းပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်တဲ့ သုသုကိုတော့ အနုပညာမောင်နှမတွေနဲ့ ပရိသတ်တွေအားလုံးက ဝိုင်းဝန်းချစ်ခင်နေကြတာ ဖြစ်ပါတယ်။ Lady Boy တစ်ဦးလည်းဖြစ်တဲ့ သုသုကတော့ အချစ်ရေးနဲ့ပတ်သက်ပြီးတော့လည်း အရမ်းကိုစိတ်ဝင်စားခြင်းခံရသူ ဖြစ်ပါတယ်။

လက်ရှိမှာတော့ သုသုက သူမရဲ့ချစ်သူလေးကို အလင်းမပြသေးပေမယ့်လည်း ချစ်သူလေးနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေနဲ့ ပုံလေးတွေကိုတော့ အမြဲတင်လေ့ရှိပါတယ်။ သုသုက မကြာခင်မှာလည်း သူမချစ်သူနဲ့ လက်ထပ်တော့မယ်ဆိုတဲ့အကြောင်းတွေကိုလည်း အင်တာဗျူးတွေမှာ ဖြေကြားခဲ့ပါတယ်။ အခုလည်း သုသုက ပရိသတ်တွေကို အာရုံစိုက်စေမယ့် စကားတစ်ခွန်းကို သူမရဲ့facebook မှာ တင်ထားတာ တွေ့ရပါတယ်။

သုသုက '' မနက်ဖြန် မင်္ဂလာဦးဆွမ်းကျွေးမှာဝတ်ဖို့ ဝတ်စုံလှလှလေး ချုပ်ပေးတဲ့ ချစ်ညီမ Cherry Pyae ကျေးဇူးအထူးပါ " ဆိုတဲ့ စာသားလေးနဲ့အတူ မြန်မာဝတ်စုံလေးကို တွဲတင်ထားတာ ဖြစ်ပါတယ်။ လက်ထပ်ဖို့ရက်က နီးကပ်လာပြီလို့ ပြောလေ့ရှိတဲ့ သုသုတစ်ယောက် တကယ်ပဲ လက်ထပ်တော့မှာလားဆိုတာကတော့ စဉ်းစားစရာပါပဲနော်။ ပရိသတ်တွေကတော့ သုသုအတွက် ချီးကျူးဂုဏ်ပြုစကားတွေနဲ့အတူ အရမ်းကိုအံ့အားသင့်နေကြတာ တွေ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ချစ်စရာကောင်းတဲ့ သုသုကိုတော့ ပရိသတ်တွေက အားပေးကြပါဦးနော်။

Source:Nyi Nyi Maung;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။