ပန်းနုသွေးရုပ်သံဇာတ်လမ်းတွဲလေးကနေပရိတ်သတ်တွေတဖြည်းဖြည်းသိပြီးအားပေးခဲ့လာတာကတော့မော်ဒယ်သရုပ်ဆောင်မလေးမေမြင့်မိုရ်ပဲဖြစ်ပါတယ်။ပထမဆုံးဇာတ်လမ်းတွဲလေးမှာတင်သူ့ရဲ့ပီပြင်တဲ့ကာရိုက်တာတွေကြောင့်ပရိတ်သတ်တွေအချစ်ကိုသိမ်းပိုက်ထားနိုင်တာပါ။ရုပ်ရှင်ဇာတ်လမ်းတွေကိုလည်းနောက်ပိုင်းမပြတ်ရိုက်ကူးနေရတဲ့အချိန်တိုတွင်းမှာအောင်မြင်လူကြိုက်များလာတာဖြစ်ပါတယ်။

ခုမှာလည်းသူရိုက်ကူးထားတဲ့ပုဂံမြို့သူဇာတ်လမ်းတွဲလေးကိုပြသနေပြီးပရိတ်သတ်တွေအကြိုက်ဇာတ်ကားလေးဖြစ်နေရတာဖြစ်ပါတယ်။ပုဂံမြို့သူဇာတ်ကားလေးကတော့အရင်ဇာတ်ကားတွေနဲ့မတူပဲပုဂံခေတ်အဝတ်အစားတွေနဲ့ရှေးပုဂံခေတ်ရဲ့ပုံရိပ်တွေကိုအသက်သွင်းထားတာဖြစ်ပါတယ်။မေမြင့်မိုရ်ကတော့ခုမှာတော့ပုဂံကိုရောက်နေတာဖြစ်ပြီးဇာတ်ကားရိုက်ကူးခဲ့တဲ့နေရာလေးတွေကိုပြန်လွမ်းနေတာဖြစ်ပါတယ်။

ပရိတ်သတ်တွေအတွက်သူ့ရဲ့ပုံရိပ်လေးတွေကိုအမြဲလူမှုကွန်ရက်ကနေတင်ပေးလေ့ရှိတဲ့သူမကတော့ခုမှာလည်းပုဂံမြို့ရဲ့အလှတွေကိုမီးပုံးပျံစီးရင်းနဲ့ပရိတ်သတ်တွေကိုတင်ပေးထားတာပါ။ပုဂံကိုမရောက်ဖူးတဲ့ပရိတ်သတ်တွေအတွက်အပေါ်စီးကနေပုဂံရဲ့အလှတွေကကြည့်မိသူတိုင်းကိုသွားချင်စိတ်တွေဖြစ်စေမှာဖြစ်ပါတယ်။ပုဂံရောက်တုန်းလေးအလှတရားတွေကိုခံစားနေတဲ့မေမြင့်မိုရ်ရဲ့ပုံရိပ်လေးတွေကိုလည်းတင်ဆက်ပေးလိုက်ကပြီးအားပေးကြပါဦးနော်။

SOURCE:May Myint Mo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။