အဆိုတော်မလေး ပိုပိုကတော့ အမျိုးသားပရိသတ်တွေရဲ့ နှလုံးသားကို သူမရဲ့တေးသီချင်းလေးတွေနဲ့ ရစ်ပတ်ဖမ်းစားထားသူ ဖြစ်ပါတယ်။ သီချင်းဆိုကောင်းပြီး အခွေတိုင်းပေါက်ကာ အောင်မြင်နေတဲ့ ပိုပိုကတော့ လတ်တလော လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ အမျိုးသမီးအဆိုတော်တစ်ဦး ဖြစ်ပါတယ်။ အဆိုကောင်းတဲ့ ပိုပိုက အလှအပရေးရာမှာလည်း နတ်မိမယ်လေးတွေ ရှုံးလောက်အောင် ဆွဲဆောင်မှုရှိရှိ လှပသူလေး ဖြစ်ပါတယ်။

လတ်တလောမှာတော့ ပိုပိုက "ရှပ် 4 ချစ်သူ" လို့ အမည်ပေးထားတဲ့ ဇာတ်လမ်းတွဲလေးမှာ သရုပ်ဆောင်တစ်ဦးအဖြစ် ပါဝင်ရိုက်ကူးနေပါတယ်။ ပိုပိုက သူမရဲ့အားလပ်ချိန်လေးတွေမှာလည်း Tik Tok ကစားရင်း ပျော်ရွှင်စွာ ကုန်ဆုံးလေ့ရှိပါတယ်။ လူမှုကွန်ယက်မှာ ခေတ်စားနေတဲ့ Tik Tik မှာလည်း ပိုပိုက အရမ်းကိုအောင်မြင်နေတဲ့ Cele တစ်ဦးဖြစ်ပါတယ်။ အခုလည်း ပိုပိုက သူမရဲ့အမိုက်စား Tik Tok ဗီဒီယိုလေးတစ်ခုကို အသစ်တင်ထားပါတယ်။

ဒီဗီဒီယိုလေးမှာတော့ ပိုပိုက သူမရဲ့ကောက်ကြောင်းအလှတွေ ပေါ်လွင်စေလောက်အောင် body wave လေးကို သီချင်းလေးနဲ့အတူ လှလှပပ ကစားပြလိုက်တာ ဖြစ်ပါတယ်။ ပိုပိုက "ကဲ ဒါလေး ကြည့်ပြီး ကောင်းကောင်း အိပ်တော့" ဆိုပြီး အပီအပြင်ကို အမိုက်စားဒွန့်ပြထားတဲ့ သူမရဲ့ဗီဒီယိုလေးကို တင်လိုက်တာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ပိုပိုရဲ့အလန်းစား Tik Tok ဗီဒီယိုလေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:ပိုပို;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။