ပရိတ်သတ်ကြီးရေ... ဟိုးအရင်အချိန်တွေကတည်း ပရိတ်သတ်တွေ အရမ်းကြိုက်အရမ်းချစ်ခဲ့ရတဲ့ မင်းသမီးလင်းဇာနည်ဇော် ချစ်ချစ်ဇော်နဲ့ ဒါရိုက်တာမိုက်တီးတို့ရဲ့ ဖခင်ဖြစ်သူ ဒါရိုက်တာဦးခင်ဇော်(ကေသီပန်ရုပ်ရှင်)ဟာ ဒီဇင်ဘာ၃ရက်နေ့ည ၁၁နာရီ၅၅မိနစ်မှာကွယ်လွန်အနိစ္စရောက်ခဲ့ရပါတယ်။ ဖခင်ကွယ်လွန်ခဲ့တဲ့အချိန်မှာ သမီးနှစ်ယောက်တည်းသာ အနားမှာရှိပေးနိုင်ပြီး နိုင်ငံကျော်ဒါရိုက်တာ မိုက်တီးကတော့ အကြောင်းကြောင်းကြောင့် ဖခင်နံဘေးမှာရှိခွင့်မရခဲ့ပါဘူး။

သမီးလေးနှစ်ယောက်ကတော့ဖခင်မဆုံးပါးခင် ကာလကတည်းက အရမ်းကိုဂရုစိုက်ပေးတတ်ပြီး ဖခင်ကျေးဇူးကိုရသလောက် တတ်နိုင်တဲ့နည်းလမ်းတွေနဲ့ဆပ်ခဲ့ကြပါတယ်။ ဖခင်ဆုံးပါးသွားပြီးနောက်မှာလည်း ဖခင်အတွက် ရည်စူးကာ ကောင်းမှုကုသိုလ်တွေပြုလုပ်ပြီး အမျှအတန်းပေးဝေခဲ့ပါတယ်။တမလွန်ကဖခင်လည်း သမီးအလိမ္မာလေးတွေကြောင့် အေးချမ်းစွာနဲ့ နေနိုင်ပြီး သာဓုခေါ်နေမှာအသေအချာပါပဲ။

သူမတို့ညီအမနှစ်ယောက်ဟာဖခင်ရဲ့ အနားယူမှေးစက်ရာ အုတ်ဂူလေးကိုသွားရောက်ကာ ကန်တာ့ခဲ့ကြပြီး ကြေကွဲ မျက်ရည်များကျခဲ့ကြရပါတယ်။ "ဖေဖေ...လောဘ ဒေါသ ကင်းစွာခရီးထွက်သွားတာမို့ ကောင်းတဲ့နေရာကိုရောက်ပြီး ဖေဖေအေးအေးချမ်းချမ်းရှိနေပြီလို့ သမီးတို့စိတ်ကအလိုလိုသိနေပေမဲ့လည်း ဖေဖေ့ခန္ဓာလေးရှိတဲ့ ဒီနေရာလေးကိုတော့..." ဆိုပြီး လင်းဇာနည်ဇော်ဟာ သူမရဲ့ facebookစာမျက်နှာပေါ်မှာ ဝမ်းနည်းလွမ်းဆွတ်မှုအပြည့်နဲ့ဆိုထားတာကိုတွေ့ရပါတယ် ပရိတ်သတ်ကြီးရေ...။

Source:Lin Zar Ni Zaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။