ရေသူမ

ရေသူမတွေဟာ ဟိုးရှေးခေတ်ကတည်းက တည်ရှိခဲ့ကြပြီး အလွန်တွေ့ရခဲတဲ့ သတ္တဝါဆန်းပဲဖြစ်ပါတယ်။ သူတို့ရဲ့ ဖြစ်တည်မှုကို ယခုအချိန်အထိ မယုံတဲ့သူများရျိသလို တစ်ဖက်မှာလည်း သူတို့အမှန်တစ်ကယ်တည်ရှိခဲ့တယ်ဆိုတဲ့ ဓာတ်ပုံတွေ ဗီဒီယိုတွေဒုနဲ့ဒေးရှိနေပါတယ်။ ပထမဆုံး သူတို့ရဲ့ မူလဇာစ်မြစ်ကို ဖော်ပြပေးချင်ပါတယ်။ သူတို့ဟာ လူတစ်ပိုင်း ငါးတစ်ပိုင်း ခန္ဓာကိုယ်နဲ့ ရေနေသတ္တဝါ တစ်မျိုးဖြစ်ပြီး ကောင်းသောအကြောင်းအရာများနှင့် နာမည်ကျော်ကြားပေမယ့်လည်း အန္တရာယ်အဖြစ်များတဲ့ တစ်ခုပါဘဲ။ဒီရေသူမ ဇာတ်လမ်းစတင်လာခဲ့ပုံကတော့ Atargatis လို့ခေါ်တဲ့ နတ်ဘုရားမဟာဆိုရင် သူမရဲ့ ချစ်သူအသတ်ခံရတဲ့ ရေကန်ထဲကိုခုန်ချခဲ့တဲ့ နောက်ပိုင်းမှာ ပထမဦးဆုံးသော ရေသူမဇာတ်လမ်းဖြစ်လာခဲ့ပါတယ်။

သွေးစုပ်ဖုတ်ကောင်

ရုင်ရှင်တော်တော်များမှာ မြင်တွေ့ရတဲ့ သွေးစုပ်ဖုတ်ကောင်ကတော့ ပရိသတ်ကြီးနဲ့ သိပ်မစိမ်းတဲ့ သတ္တဝါဖြစ်ပြီး သမိုင်းတစ်လျှောက်မှာ လည်း သူတို့အမှန်တစ်ကယ် တည်ရှိခဲ့တယ်လို့ နာမည်ကြီးခဲ့ပါတယ်။ နှစ်ထောင်ပေါင်းများစွာ နေထိုင်လာခဲ့ကြတဲ့ သတ္တဝါတွေဖြစ်ကြပြီး များသောအားဖြင့် သွေးကို စားသောက်ရင်း အသက်ရှင်သန်ကြပါတယ်။ဒီသတ္တဝါတွေကတော့ မနှစ်မြို့စရာကောင်းပြီးတော့ အန္တရာယ်ရှိတဲ့ မျိုးနွယ်တွေဘဲဖြစ်ပါတယ်။သူတို့တွေဟာ သွေးတွေကို သောက်သုံးခဲ့တာကြောင့် နီနီမြန်းမြန်း၊ ခရမ်းရင့်ရောင်အပြင် အမှောင်ဘက်သွားသော အရောင်တွေအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။သူတို့တွေရဲ့ မပိုင်ဆိုင်ထားတဲ့အရာကတော့ ညှို့ငင်ဆွဲဆောင်နိုင်ခြင်းနဲ့ ကျက်သရေမင်္ဂလာနဲ့ပြည့်စုံခြင်းတို့ဘဲဖြစ်ပါတယ်။

၃။ နတ်သူငယ်

မွေးရာပါ သဘာဝလွန်စွမ်းအားတွေနဲ့ ရိုးရာမပျက်ထိန်းသိမ်းစောင့်ရှောက်လာခဲ့တဲ့ အမျိုးအနွယ်တွေဖြစ်ကြပြီးတော့ စွမ်းအားကြီးမားသူတွေအဖြစ်အပြင် ရုပ်ရည်ချောမောလှပသူတွေအဖြစ်လည်း သူတို့တွေကို ယုံကြည်ကြပါတယ်။လိင်ပိုင်းဆိုင်ရာ အရှုပ်အထွေးတွေနဲ့ မာယာများကိုသုံးကာ လူတွေကို ဖျားယောင်းသွေဆောင်ပြီး ဒဏ်ရာအနာတရဖြစ်အောင်ပြုလုပ်တက်ကြပါတယ်။

သူတို့ရဲ့ နားရွက်တွေကတော့ အပေါ်ဘက်ကိုထောင်တက်နေကြပါတယ်။ Tolkien လူမျိုးတွေဟာ Elvish ဘာသာစကားကို စတင်လေ့လာပြီးတော့ အဲ့ဒီ နတ်သူငယ်တွေနဲ့ စတင်စကားပြောခဲ့ကြောင်း သမိုင်းမှတ်တမ်းများမှာပါရှိပါတယ်

Source : Buzzy 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။