ပရိသတ်ကြီးရေ.. ဒီဇင်ဘာ(၁၀)ရက်နေ့ကတော့ အဆိုတော်ဖြိုးလေးနဲ့ အဆိုတော်သရုပ်ဆောင် မင်းသမီးချောလေး ဝါဆိုမိုးဦးတို့ရဲ့ ချစ်သူသက်တမ်း(၃)နှစ်ပြည့် နှစ်ပတ်လည်နေ့လေးဖြစ်ပြီး ကြည်နူးပျော်ရွှင်စွာကောင်းတဲ့ Surprise လေးတွေ ပြုလုပ်ခဲ့ပြီး ဖြတ်သန်းခဲ့ကြတာ တွေ့ရပါတယ်..။

ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ ချစ်သူစုံတွဲလေးရဲ့ ချစ်သူသက်တမ်း(၃)နှစ်ပြည့် Anniversary လေးရဲ့ Surprise လေးမှာ G-Fatt နဲ့ နန်းဆုတို့ စုံတွဲလေးကလည်း ပါဝင်ကူညီပေးခဲ့ကြပြီး ဂုဏ်ပြုပေးခဲ့ကြပါတယ်..။

သူငယ်ချင်းဖြစ်တဲ့ ဖြိုးလေးနဲ့ ဝါဆိုတို့ရဲ့ Anniversary မှာ သူတို့စုံတွဲလေးကပါ အတူပျော်ရင်း အမှတ်တရဓာတ်ဖမ်းခဲ့တဲ့ ဓာတ်ပုံလေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေကိုလည်း နန်းဆုက ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်..။

ဗီၤဒီယိုလေးထဲမှာတော့ ချစ်သူသက်တမ်း(၃)နှစ်ပြည့်သွားပြီဖြစ်တဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ကို ဂုဏ်ပြုစကားလေးတွေ ပြောပေးထားပြီး G-Fatt တစ်ယောက်ကတော့ မကြာခင် သူ့တို့အလှည့်ရောက်လာတော့မှာပါတဲ့နော်..။

ချစ်သူကို စိတ်ဆိုးအောင် အရင်စပြီးမှ နှင်းဆီပန်းအပွင့်(၃၀၀)ကို ခြွေပြီး တစ်အိမ်လုံး ပန်းခင်းကာ Anniversary Surprise လေးပြုလုပ်ပေးခဲ့တဲ့ ဖြိုးလေးတို့စုံတွဲလေးရဲ့ ကြည်နူးစရာကောင်းလွန်းတဲ့ ပွဲလေးကတော့ ပရိသတ်တွေကို တကယ်ပဲ အားကျစေပါတယ်နော်..။

ကြည်နူးပျော်ရွှင်စရာကောင်းလွန်းတဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ရဲ့ 3rd Anniversary လေးမှာ အားလုံးအတူ ပျော်ရွှင်ခဲ့ကြတဲ့ မှတ်တမ်းပုံရိပ်လေးတွေကိုလည်း ချစ်ရတဲ့ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - နန်းဆု၊ ဝါဆို၊ သင်ဇာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။