ဒီဖြစ်ရပ်လေးကတော့ ထိုင်းနိုင်ငံမြောက်ပိုင်း ဖရဲ့ခရိုင်ထဲက ကောင့်ကွမ်မြို့နယ် ဖိုင်ထွန်းနယ်မြေ ရဲစခန်းမှာဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။

ဒီဖြစ်ရပ်လေးဖြစ်ပွားပုံကတော့ ၎င်းရဲစခန်းမှာ ယာဉ်တိုက်မှုတစ်ခုကို အမှုလာဖွင့်တဲ့ ရွက်တာခမ်းကို မြွေတစ်ကောင်က ဝင်ကိုက်ခဲ့တာပဲဖြစ်ပါတယ်။ 

ရွက်တာဖမ်းဟာ အမှုဖွင့်ဖို့ စောင့်ဆိုင်နေတဲ့အချိန်မှာ ဟနေတဲ့တံခါးကြားထဲကနေ ဝင်လာတဲ့မြွေဟာ ဒေါသတကြီးနဲ့ ဝင်ကိုက်ခဲ့တာပဲဖြစ်ပါတယ်။

ပါးပြင်းကြီးကိုထောင်ပြီး ရွက်တာခမ်းနဲ့ခြေထောက်ကို ပေါက်ချလိုက်တဲ့အချိန်မှာတော့ ရွက်တာခမ်းဟာ အလျှင်အမြန်ရှောင်တိမ်းပြီး မြွေကိုဖနောင့်နဲ့ ဆင့်ပေါက်ပြီး ခေါင်းကိုကိုင်ကာဖမ်းဆီးခဲ့ပါတယ်။

ရွက်တာခမ်း မြွေကိုကိုင်ထားတဲ့အချိန်မှာဆိုရင်လည်း ရဲစခန်းထဲကရဲတွေဟာ ဒီဖြစ်ရပ်ကိုကြည့်ပြီး ထိတ်လန့်နေတာကိုလည်း မြင်တွေ့ရပါတယ်။

ဒါ့အပြင်ရွက်တာခမ်းဟာ ၎င်းရဲကို ခင်းဗျားချက်စားမလားလို့မေးခဲ့သလို ၎င်းရဲကလည်း ကျနော်မြွေသားမစားဘူး တောထဲပြန်လွှတ်ပေးလိုက်ပါလို့ ပြောကြားခဲ့ပါတယ်။ 

ဒီဖြစ်ရပ်ကိုမြင်တွေ့ကြတဲ့ အွန်လိုင်းပေါ်ကလူတွေဟာဆိုရင်လည်း ဒီမြွေက ရဲစခန်းမှာ အမှိုက်တွေရှုတ်နေလို့ ဝင်လာတာ ၊ မြွေက ရဲစခန်းမှာတိုင်ချက်လာဖွင့်တာ ၊ မြွေက အဲ့ဒီအမျိုးသားနဲ့ ရန်သူဖြစ်ဖူးလို့ ဝင်ကိုက်တာ ဆိုပြီး အမျိုးမျိုးပြောကြားခဲ့ကြပါတယ်။

တချို့သူတွေကတော့ မင်းတို့သာ အဲ့ဒီအမျိုးသားနေရာမှာဆိုရင် ဘယ်လိုလုပ်မှာလဲဆိုပြီး ဝေဖန်သူတွေကို ပြန်လည်မေးခွန်းထုတ်ခဲ့ကြပါတယ်။

ပရိသတ်တွေရော အခုလိုအဖြစ်အပျက်မျိုးကြုံလာရင် ဘယ်လိုလုပ်ကြမလဲဆိုတာပြောပြခဲ့ကြဦးနော်။

source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။