ဒီနှစ်မှာတော့မြန်မာကစားသမားတွေရဲ့အကောင်းဆုံးခြေစွမ်းတွေကိုချပြလို့ရတဲ့နှစ်လို့သတ်မှတ်လို့ရပါတယ်။ထိုင်းပရီးမီးယားလိဂ်ပြိုင်ပွဲမှာကစားသမားခေါ်ယူခွင့်ပုံစံပြောင်းသွားခဲ့ပြီးအာစီယံကစားသမားတစ်ယောက်စီအသင်းတိုင်းခေါ်ယူရမှာဖြစ်ပါတယ်။ဒါကြောင့်ထိုင်းထိပ်သီးကလပ်တွေကခြေစွမ်းမြင့်မြန်မာကစားသမားတွေကိုခေါ်ယူဖို့ကြိုးစားလာကြတာပါ။

မနှစ်ကတည်းကအောင်သူ၊ကျော်ကိုကိုတို့လိုနာမည်ကြီးမြန်မာကစားသမားတွေသွားရောက်ကစားခဲ့ပြီးကျော်ကိုကိုကတော့ဒဏ်ရာကြောင့်တစ်ရာသီလုံးအနားယူခဲ့ရတာပါ.အောင်သူကတော့ခြေစွမ်းပြဂိုးတွေသွင်းခြေစွမ်းပြတာကြောင့်ထိုင်းပရိတ်သတ်တွေအချစ်တော်ဖြစ်ခဲ့ရပြီးထိပ်သီးကလပ်တွေကဒီရာသီမှာခေါ်ယူဖို့ကြိုးစားနေတာပါ။ခုမှာလည်းစည်သူအာင်၊ဇော်မင်းထွန်းစတဲ့ကစားသမားတွေကတော့ထိုင်းလိဂ်ကိုပြောင်းရွေ့သွားခဲ့ပါပြီ။သန်းထိုက်အောင်၊ဝင်းနိုင်စိုး၊အောင်သူစတဲ့ကစားသမားတွေကိုထိုင်းထိပ်သီးကလပ်တွေကခေါ်ယူဖို့ကြိုးစားနေပြီးမကြာခင်မှာအပြောင့်အရွေ့တွေကိုတွေ့ရတော့မှာပါ။

မနှစ်ကတည်းကဒဏ်ရာကြောင့်အနားယူနေခဲ့ရတဲ့ကျော်ကိုကို ကိုလည်း တစ်နှစ် အငှားစာချုပ်ဖြင့် ခေါ်ယူရန် ထိုင်းကလပ် ဆာမတ်ပရာခန်စီးတီး က ရန်ကုန် ယူနိုက်တက် အသင်းသို့ တရားဝင်ကမ်းလှမ်းလာခဲ့တာဖြစ်ပါတယ်။သူတို့ဘက်ကလည်း ကျော်ကိုကို က ရာခိုင်နှုန်းတော်တော်များများ ပြန်လည် ကောင်းမွန်လာတာကို သိရှိတဲ့အတွက် သူတို့ကမ်းလှမ်းတာ ဖြစ်ပါတယ်။ဆာမတ်ပရာခန်စီးတီး အသင်းမှ တရားဝင် ကမ်းလှမ်းလာသည့် အတွက် ကျော်ကိုကို သည် လာမည့် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ဆေးစစ်ရန် ထိုင်းနိုင်ငံသို့ သွားရောက်မည် ဖြစ်ပြီး ဆေးစစ်မှု အောင်မြင်ပါက ၂၀၁၉ ဇန်နဝါရီလမှစတင်ပြီး ရာသီကုန်အထိ အဆိုပါ အသင်းနှင့်အတူ ကစားမည် ဖြစ်သည်။ဆေးစစ်မှုသာအောင်မြင်ခဲ့ပါကထိုင်းလိဂ်မှာ၂ရာသီဆက်တိုက်ကစားခွင့်ရမယ့်မြန်မာကစားသမားတစ်ယောက်ဖြစ်လာမှာကြောင့်ဆေးစစ်မှုတွေအောင်မြင်ပြီးဂိုးတွေသွင်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ကပါတယ်။ 

SOURCE:Yangon United Football Club

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။