ပရိသတ်ကြီးရေ.. ပီပြင်တဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေနဲ့ ပရိသတ်တွေရဲ့ရင်ထဲရောက်ရှိလာခဲ့ပြီး မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အများဆုံးရရှိထားတဲ့ ပြည်သူချစ်သရုပ်ဆောင်မင်းသားချောတွေထဲမှာ ဟိန်းဝေယံကလည်း အပါအဝင်ပါပဲ..။

အကြောင်းအမျိုးမျိုးကြောင့် အနုပညာအလုပ်တွေနည်းပါးသွားခဲ့တဲ့ မင်းသားချောဟိန်းဝေယံကတော့ အခုအခါမှာ အနုပညာလောကထဲကို တစ်ကျော့ပြန် ဝင်ရောက်လာခဲ့ပြီး အနုပညာအလုပ်တွေကို တစိုက်မတ်မတ် ပြန်လည်လုပ်ဆောင်တော့မှာပဲ ဖြစ်ပါတယ်..။

အနုပညာလောကထဲကို တကျော့ပြန် ဝင်ရောက်လာခဲ့တဲ့ ပရိသတ်အချစ်တော် ဟိန်းဝေယံရဲ့ ပထမဆုံးအနုပညာခြေလှမ်းသစ်ကတော့ ပရိသတ်တွေအရင်မြင်ဖူးနေကျ ပုံစံမျိုးလေးနဲ့ ကွဲထွက်နေပြီး တစ်ခါမှ မရိုက်ဖူးတဲ့ ဇာတ်လမ်းတွဲလေးနဲ့ ပရိသတ်တွေရှေ့ ပြန်လည်ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်နော်..။

မင်းသားဟိန်းဝေယံရဲ့ ပထဦးဆုံးဇာတ်လမ်းတွဲလေးကိုတော့ ပုရိသပရိသတ်တွေရဲ့ အသည်းကျော် မင်းသမီးချော အေးဝတ်ရည်သောင်းနဲ့အတူ “ရင်ခွင်ရှင်းတမ်း” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲလေးကို ရိုက်ကူးသွားမှာဖြစ်ပါတယ်..။

Produced by Myanmar Media 7 က ထုတ်လုပ်မယ့် “ရင်ခွင်ရှင်းတမ်း” ဇာတ်လမ်းတွဲလေးကိုတော့ ဒါရိုက်တာသားညီက လာမယ့် (၂၀၁၉)ခုနှစ် မတ်လမှာ စတင်ရိုက်ကူးမှာဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ကတော့ ဟိန်းဝေယံ၊ အုပ်သာကျော်၊ ညိမ်းသော်၊ အေးဝတ်ရည်သောင်း၊ မေကြည်၊ ဆိုဖီယာနဲ့ သီရိစိုးတို့က ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်..။

မကြာခင်မှာ ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေရဲ့ ရှေ့ကိုပြန်လည်ရောက်ရှိတော့မယ့် ပရိသတ်တွေရဲ့အချစ်တော် မင်းသားချောဟိန်းဝေယံရဲ့ ချစ်ပရိသတ်တွေအတွက် သတင်းကောင်းလေးကိုလည်း ပြန်လည်မျှဝေပေးလိုက်တာမို့ ရင်ခုန်စွာနဲ့ စောင့်မျှော်အားပေးလိုက်ရအောင်နော်..။

Photo - Wai Minn Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။