ပရိသတ်အချစ်တော် အနုပညာရှင်တစ်ဦးဖြစ်တဲ့ မင်းသမီးလေး ဝတ်မှုန်ရွှေရည်ကတော့ တန်ဖိုးအင်မတန်ကြီးမားလှတဲ့ ရွှေသားအင်္ကျီကို ဝတ်ဆင်ပြီး ကြော်ငြာရိုက်ကူးခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရွှေကစ်က " အောင်သမာဓိ " ရတနာရွှေဆိုင်အတွက် အမိုက်စားကြော်ငြာလေးတစ်ခုကို ပါဝင်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဒီကြော်ငြာလေးမှာတော့ ရွှေကစ်က တန်ဖိုးငွေ သိန်းနှစ်ထောင်ကျော်တန်ကြေးရှိတဲ့ ရွှေအင်္ကျီနဲ့ အရမ်းကို လှပနေခဲ့တာ ဖြစ်ပါတယ်။

ဖြူဖွေးဝင်းမွတ်နေတဲ့ အသားအရေလေးကို ပိုင်ဆိုင်ထားတဲ့ ရွှေကစ်ကတော့ ရွှေထည်ပစ္စည်းလေးတွေ ဝတ်ဆင်တဲ့အခါမှာ ထူးထူးခြားခြားနဲ့ အရမ်းကိုပေါ်လွင်နေတတ်သူ ဖြစ်ပါတယ်။ ဖက်ရှင်ဘုရင်မလေးလို့ အများကတင်စားရတဲ့ ရွှေကစ်ကတော့ အခုလည်း ရွှေအလေးချိန် နှစ်ပိဿာတိတိ ရှိတဲ့ ရွှေအင်္ကျီကို ဝတ်ဆင်ပြီး ကြော်ငြာရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ရွှေကစ်က ရွှေကလစ်၊ရွှေလက်ကိုင်အိတ် ၊ ရွှေလက်ဝတ်လက်စားတွေကို ခန္ဓာကိုယ်တစ်ခုလုံးမှာ ဆင်ယင်ခဲ့ပါတယ်။

တန်ဖိုးကြီးရွှေနဲ့ စွဲမက်ဖွယ်အလှပိုင်ရှင် ရွှေကစ်တို့ရဲ့အလှပေါင်းစပ်လိုက်တဲ့အခါမှာတော့ အရမ်းကိုကျက်သရေရှိပြီး မြင်သူငေးလောက်အောင် တောက်ပနေခဲ့ပါတယ်။ ဒါ့အပြင် ရွှေကစ်က '' ကျပ်သိန်း ၂၀၀၀ ကျော်တန်ဖိုးရှိတဲ့ အောင်သမာဓိ ရွှေသားအင်္ကျ ီကို ဝတ်ဆင်ရလို့ ပိုပြီးတန်ဖိုးကြီးသွားသလို ခံစားရတယ်" ဆိုပြီး ပရိသတ်တွေကို ပြောပြခဲ့ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ရွှေကစ်ရဲ့အမိုက်စားဗီဒီယိုဖိုင်လေးကို အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Wutt Hmone Shwe Yi & Aung Thamardi Gold & Jewellery Shop And Gold Refinery ;

Video: Credit; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။