MRTV 4 သရုပေ်ဆာင်မင်းသမီးလေးဖြစ်တဲ့ မေမြင့်မိုရ်တစ်ယောက် ပုဂံမြို့ရဲ့ Hot Air Balloon နဲ့ အရမ်းကိုမိမိုက်နေတာပဲဖြစ်ပါတယ်။ ရွှေအိုရောင် ဆံပင်ဂုတ်ဝဲလေးထက်မှာ အမိုက်စားဦးထုပ်လေးကိုဆောင်းထားပြီး နေကာမျက်မှန်လေးကလည်း သူမရဲ့လှပတဲ့မျက်ဝန်းတွေကို အကာအကွယ် ပေးထားပါသေးတယ်။ အချိန်တိုင်းမှာ ကျက်သရေရှိရှိလှပလွန်းနေတဲ့ သူမရဲ့ရုပ်ပုံလွှာလေးတွေက ပရိသတ်တွေကြားမှာ အမြဲတမ်းရေပန်းစားလွန်းနေပါတယ်။

သူမပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲတွေဟာလည်း ပရိသတ်တွေကြားမှာအတော်လေးရေပန်းစားခဲ့ပြီး လက်ရှိအချိန်မှာဆိုရင်လည်း သူမက ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးနေရပြီဖြစ်ပါတယ်။ မောင်ဖြစ်သူ သျှင်းမြတ်ကိုလည်း အနုပညာလောကထဲဆွဲခေါ်ခဲ့ပြီး လက်ရှိမှာဆိုရင် မောင်နှမနှစ်ယောက် အတူတူ အနုပညာလမ်းထက်မှာ အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းနေကြပြီပဲဖြစ်ပါတယ်။

သူမရဲ့ပုဂံမြို့ထက်ကအမိုက်စားပုံရိပ်တွေကို " ပုဂံအမှတ်တရနေ့ရက်များထဲမှ ဒီဇင်ဘာရဲ့နေ့တစ်နေ့ A beautiful Morning Over Bagan , just breathtaking. Hot Air Ballon Ride was Spectacular " ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ အမိုက်စားမင်းသမီးလေးရဲ့ အမိုက်စားပုံရိပ်တွေကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်နော်။

Photo - May Myint Mo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။