ပရိသတ်ကြီးရေ.. မကြာခင်မှာ ရွှေလက်တွဲ လက်ထပ်ကြတော့မယ့် ပရိသတ်အချစ်တော် အနုပညာရှင်ဆယ်လီစုံတွဲလေးဖြစ်တဲ့ ဒါရိုက်တာဏကြီးနဲ့ သရုပ်ဆောင်မင်းသမီးချောလေး ပိုင်ဖြိုးသုတို့ကတော့ တကယ်ကို ချစ်စရာကောင်းပြီး လိုက်ဖက်ညီကြတဲ့ ချစ်သူစုံတွဲလေးပါပဲ..။

ချစ်သူနှစ်ဦးစလုံးက အနုပညာရှင်တွေဖြစ်ကြတဲ့အတိုင်း ဒါရိုက်တာဏကြီးကတော့ အောင်မြင်နေတဲ့ ဒါရိုက်တာတစ်ဦးအဖြစ် အနုပညာလောကထဲမှာ ထိပ်တန်းကနေရပ်တည်နေပြီး ဆရာဝန်တစ်ဦးဖြစ်သလို မင်းသမီးချောလေးလည်းဖြစ်တဲ့ ပိုင်ဖြိုးသုလေးကလည်း ပီပြင်တဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေနဲ့ ရိုးအေးပြီး ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားသူလေးဆိုလည်း မမှားပါဘူး..။

စိတ်ဆိုးလိုက် ပြန်ချစ်လိုက်တဲ့ ချစ်စရာကောင်းပြီး လိုက်ဖက်ညီလွန်းတဲ့ သူတို့စုံတွဲလေးကတော့ ပရိသတ်တွေအားကျချစ်ခင်ရတဲ့ အနုပညာရှင်ဆယ်လီစုံတွဲတွေထဲမှာ အပါအဝင်ဖြစ်သလို အခုတစ်ခါမှာလည်း ပရိသတ်တွေကို အချစ်ပိုအောင် လုပ်ပြန်ပါပြီနော်..။

နှစ်ယောက်အတူ ထားရှိခဲ့တဲ့ ကတိကို ချစ်သူဒါရိုက်တာဏကြီးက တိတ်တိတ်လေးခိုးဖျက်ခဲ့တာကို သိသွားတဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေးသုသုက ပြန်လည်ပြီးဆေးထိုးကာ ကျီစယ်စနောက်လိုက်တာပဲ ဖြစ်ပါတယ်..။

အတူတူဝိတ်ချမှာမို့ ညစာမစားကြေးဆိုပြီး သူတို့ချစ်သူနှစ်ယောက်အတူ ထားရှိခဲ့တဲ့ ကတိလေးကို ဒါရိုက်တာဏကြီးက ခိုးဖျက်ပြီး ညစာတွေတစ်ယောက်တည်းခိုးစားနေလို့ ဗိုက်ပူနေတာကို ပျော်ရဲ့လားလို့ မေးပေးပါဆိုပြီး ကျီစယ်စနောက်လိုက်တာပါနော်..။

“စမီးကို အတူတူဝိတ်ချမယ် ညစာမစားကြေးလို့ ကတိပေးပြီးမှ ညစာတွေတစ်ယောက်တည်းခိုးစားနေတဲ့ ဟိုကိုဏကြီးဆိုတဲ့ဦးလေးကြီးကို မေးပေးပါ ဗိုက်ကြီးပူနေတာပျော်ရဲ့လားလို့....” ဆိုပြီး ချစ်စဖွယ်လေးနဲ့ ကျီစယ်စနောက်လိုက်တာကို အားလုံးကလည်း သဘောကျအချစ်ပိုနေကြပြီး Comment လေးတွေမှာ ပြောထားကြတာ တွေ့ရပါတယ်နော်..။

Photo - ပိုင်ဖြိုးသု

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။