ဗီယက်နမ်ယူ၂၁ဖိတ်ခေါ်ဖလားပြိုင်ပွဲဝင်မြန်မာယူ၂၁အသင်းကတော့မနေ့ကဗီယက်နမ်နိုင်ငံကိုထွက်ခွာသွားပြီဖြစ်ပါတယ်။မြန်မာယူ၂၁အသင်းဟာ ဒီဇင်ဘာ ၁၂ မြန်မာစံတော်ချိန် ည ၆:၃၀ နာရီတွင်မနက်ဖြန်မှာအိမ်ရှင်ဗီယက်နမ်အသင်းနဲ့အဖွင့်ပွဲယှဉ်ပြိုင်ကစားရဖို့ရှိနေတာဖြစ်ပါတယ်။မြန်မာယူ၂၁အသင်းဟာဒီပြိုင်ပွဲအတွက်ပြင်ဆင်ချိန်၂လအချိန်ရခဲ့တာကြောင့်ခုချိန်မှာပြိုင်ပွဲအတွက်အဆင်သင့်ဖြစ်နေတာပါ။

ဒီပြိုင်ပွဲကိုဗီယက်နမ်၊မြန်မာ၊တောင်ကိုရီးယား၊မလေးရှားအသင်းတွေပါဝင်ကစားမှာဖြစ်တာကြောင့်မြန်မာအသင်းအတွက်အကောင်းဆုံးအတွေ့ကြုံတွေနဲ့ခြေစွမ်းတွေပြဖို့လိုအပ်နေတာဖြစ်ပါတယ်။မြန်မာယူ၂၁အသင်းရဲ့ကစားသမားတွေကလည်းမြန်မာနေရှင်နယ်လိဂ်နဲ့အကယ်ဒမီတွေကအကောင်းဆုံးကစားသမားတွေဖြစ်ပါတယ်။မြန်မာလက်ရွေးစင်အသင်းရဲ့အဓိကကစားသမားတွေကတော့ထိုင်းလိဂ်ကိုထွက်ကစားနေပြီဖြစ်တာကြောင့်ယူ၂၁ကစားသမားတွေကလည်းလက်ရွေးစင်အသင်းနဲ့ကလပ်အသင်းတွေမှာခြေစွမ်းပြနိုင်ဖို့လိုအပ်နေတာဖြစ်ပါတယ်။

မြန်မာယူ၂၁ကစားသမားတွေကတော့တစ်ချိန်မှာနိုင်ငံရဲ့အားကိုးရတဲ့ကစားသမားတွေဖြစ်လာဖို့လည်းရည်ရွယ်ထားပြီးအာရှမှာသာမကဥရောပအထိသွားရောက်ကစားဖို့အခွင့်ရေးတွေရှိလာတော့မှာဖြစ်ပါတယ်။ဗီယက်နမ်ဖိတ်ခေါ်ဖလားပြိုင်ပွဲပြီးတာနဲ့အာရှယူ၂၃ပြိုင်ပွဲတွေနဲ့ဆီးဂိမ်းပြိုင်ပွဲတွေရှိတာကြောင့်မြန်မာဘောလုံးလောကအတွက်တော့အားရစရာတွေဖြစ်လာမှာပါ။အကောင်းဆုံးခြေစွမ်းတွေနဲ့နည်းပြကြီးဦးကြည်လွင်ရဲ့နည်းစနစ်တွေကဗီယက်နမ်ဖိတ်ခေါ်ဖလားပြိုင်ပွဲမှာဘယ်လိုရလဒ်တွေထွက်လာမလဲစိတ်ဝင်စားဖို့ကောင်းနေတာပါ။တစ်ချိန်မှာနိုင်ငံအသင်းအတွက်အကောင်းဆုံးကစားနိုင်မယ့်မြန်မာယူ၂၁အသင်းကိုအားပေးကြပါဦးနော်။

PHOTO:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။