စပိုက်ဒါမန်း ရုပ်ရှင်ကားဆိုတာကတော့ ကလေးတွေသာမက လူကြီးတွေပါကြိုက်နှစ်သက်ကြတဲ့ ရုပ်ရှင်ကားတစ်ကားပါပဲ။

စပိုက်ဒါမန်း ရဲ့အဓိကဇာတ်ကောင် ပီတာပါကာ ဆိုတာကလည်း လူတွေအမျိုးမျိုးပြောင်းသားပေမယ့် ပရိသတ်တွေကြိုက်မြဲ ကြိုက်ဆဲ ဇာတ်ကောင်တစ်ခုပဲဖြစ်ပါတယ်။

မကြာသေးခင်အချိန်လေးတစ်ခုကဆိုရင်တော့ Spider Man : Into The Spider Verse ဆိုတဲ့ ရုပ်ရှင်ကားကြီးရဲ့ နမူနာထွက်ရှိလာခဲ့ပါတယ်။

ဒီရုပ်ရှင်ကားကတော့ ပရိသတ်တွေ မြင်ဖူးနေကြဖြစ်တဲ့ စပိုက်ဒါမန်းတစ်ယောက်ထဲကိုသာ အဓိကပုံဖော်ရိုက်ကူးထားတာမျိုးမဟုတ်ဘဲ Spider Girl တို့ Spider-Gwen တို့လို ဇာတ်ကောင်အသစ်တွေပါ ပါဝင်လာခဲ့ပါတယ်။ 

ဒီရုပ်ရှင်ကားကတော့ Animated 3D ရုပ်ရှင်ကားတစ်ကားဖြစ်ပြီး စွန့်စားမှုအက်ရှင်တွေကို အသားပေးရိုက်ကူးထားတာတွေ့ရပါတယ်။

ဒါ့အပြင် လူအများစိတ်ဝင်စားနေကြတဲ့ ဒီရုပ်ရှင်ကားကတော့ လာမယ့် ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ရုံတင်ပြသတော့မှာပဲဖြစ်ပါတယ်။

ပရိသတ်တွေအတွက် ဒီရုပ်ရှင်ကားရဲ့ နမူနာ ဗီဒီယိုလေးကိုလည်း ထည့်သွင်းဖော်ပြပေးထားတာဆိုတော့ ကြည့်ပြီးသွားရင် ကြိုက်ရဲ့လားဆိုတာပြောပြခဲ့ကြဦးနော်။

Video Credit _ Sony Pictures Entertainment

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။