ပရိတ်သတ်ကြီးရေ... အရမ်းကိုချစ်ဖို့ကောင်းတဲ့ မျက်နှာလေးနဲ့ ခပ်မိုက်မိုက် ခန္ဓာကိုယ်လေးကိုပိုင်ဆိုင်ထားတဲ့ ပရိတ်သတ်ကြီးရဲ့အချစ်တော် အိမ့်ထရက်သျှာလေးဟာ ကိုရီးယားမလေးအလား ချစ်စရာပါးဖောင်းဖောင်းလေးနဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားသူလေးပါ။ သူမရဲ့ ခပ်သွက်သွက်လေးစကားပြောတတ်တဲ့ပုံစံလေးနဲ့အမူအရာလေးကြောင့် ပရိတ်သတ်တွေအချစ်ပိုခဲ့ရပါတယ်။

မော်ဒယ် သရုပ်ဆောင်မလေး အိမ့်ထရက်သျှာဟာ သူမရဲ့ လူငယ်သဘာဝအမှားလေးတစ်ခုကြောင့် ဝေဖန်မှုကြီးကြီးမားမားတွေကို ရင်ဆိုင်ခံစားခဲ့ရပါတယ်။ ဒါပေမယ့်အသက်အရွယ်နဲ့မလိုက်အောင်ရင့်ကျက်ပြီးထက်မြတ်တဲ့သူမဟာ အရာအားလုံးကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး သူမကိုချစ်တဲ့ပရိတ်သတ်တွေအတွက် ပြန်လည် အားယူကာကြိုးစားခဲ့ပါတယ်။ကြော်ငြာတွေ ဓာတ်ပုံတွေကို ဆက်တိုက်ရိုက်ကူးနေပြီးတော့ အခုအခါမှာ ဗီဒီယိုလေးတွေကိုလည်းစတင်ရိုက်ကူးနေပါပြီ။

သူမဟာ little potato production ကနေရိုက်ကူးတဲ့ ဗီဒီယိုလေးမှာပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ ဒီဗီဒီယိုလေးဟာ မကြာခင်ပရိတ်သတ်တွေ ဆီကို ရောက်ရှိလာတော့မယ်ဆိုတာကိုလည်း ပြောပြထားပါတယ်။ ဒီဗီဒီယိုလေးရိုက်ကူးစဉ်က ကမ်းနားတစ်လျှောက် ပြေးလွှားပြီး အပင်ပန်းခံရိုက်ကူးခဲ့တဲ့ ဗီဒီယိုဖိုင်လေးကိုလည်း သူမက ပရိတ်သတ်ကြီးအတွက်တင်ထားပေးခဲ့ပြန်ပါတယ်။ ဆိုတော့ ဒီဗီဒီယိုလေးမှာ ပရိတ်သတ်ကြီးအတွက် အိမ့်လေးဘယ်လိုအပင်ပန်းခံရိုက်ကူးထားလဲဆိုတာကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Eaint Treasure

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။