လတ်တလောမှာတော့ ပရိသတ်တွေကြားမှာ အတော်လေးရေပန်းစားတဲ့ဇာတ်ကားလေးကတော့ နာရီ 110 ဇာတ်ကားပဲဖြစ်ပါတယ်။ ရေတပ်သားတွေရဲ့ ဘဝကိုပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး တကယ့်ကိုရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ ပုံရိပ်တွေကို အပြည့်အဝပုံဖော်ထားတာပဲဖြစ်ပါတယ်။ တပ်မတော်သားတွေရဲ့ဘဝကို ပီပြင်စွာရိုက်ကူးထားကြပြီး တကယ်ကိုအပင်ပန်းခံရိုက်ကူးထားတဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်တွေဟာ အခုကတည်းက ပရိသတ်တွေကြားမှာ ရေပန်းစားလို့နေပါတယ်။

တကယ့်ကိုသဘာဝကျကျနဲ့ ပီပြင်အောင် အပင်ပန်းခံပြီးရိုက်ကူးထားတာဖြစ်လို့ ပရိသတ်တွေက အရမ်းကိုကြည့်ချင်ပြီးစောင့်မျှော်နေကြတဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ ဒီဇာတ် ကားမှာ မင်းရာဇာတစ်ယောက် ရေအရမ်းကြောက်ပေမယ့် လူစားမထိုးပဲ သက်စွန့်ဆံဖျားရိုက် ကူးထားတာဖြစ်တယ်လို့လည်းဆိုပါတယ်။ ရေတပ်သားတွေရဲ့ လေ့ကျင့်ရေးအသေးစားလေးပုံစံကို ရိုက်ကူးထားကြပုံက တကယ့်တပ်မတော်သားတွေ လိုပါပဲ။

သဏ္ဍာန်လုပ်သရုပ်တူရတာမို့ နေပူထဲမှာအချိန်ကြာအောင် လေ့ကျင့်ခန်းတွေပြုလုပ်ပြီး အသားတွေမဲနေပေမယ့် အားလုံးက ကျေကျေနပ်နပ်နဲ့ ကိုယ်ကြိုးစားထားတဲ့ အနုပညာတစ် ရပ်ကို ပရိသတ်ကို အပြည့်အဝချပြရမှာမို့ အပျော်ကြီးပျော်နေကြတာပဲဖြစ်ပါတယ်။ ဒီဇာတ် ကားလေးထွက်လာရင်လည်း ပရိသတ်တွေက အပြတ်အသတ်အားပေးဖို့အဆင့်သင့်ဖြစ်နေကြပြီပဲဖြစ်ပါတယ်။ ဘယ်လိုတွေအကြမ်းစားသရုပ်ဆောင်နေတယ်ဆိုတာကိုတော့ ပုံနှင့်တကွ တင်ပြပေးလိုက်ပြီနော်။

Photo - Athura Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။