ဖေ့ဘွတ်ကတော့ နိုင်ငံတော်တေ်ာများများကလူတွေ အသုံးပြုနေကြတဲ့ လူမှုကွန်ယက်ကိုဆက်သွယ်ပေးတဲ့ app တစ်ခုဖြစ်သလို မြန်မာနိုင်ငံထဲက လူတော်တော်များများကလည်း ဒီဖေ့ဘွတ်ကို အသုံးပြုနေကြပါတယ်။

တချို့သူတွေဟာဆိုရင် ဖေ့ဘွတ်အသုံးပြုနေရပြီဆိုရင် ထမင်းမေ့ ဟင်းမေ့နဲ့ လုပ်စရာရှိတဲ့အလုပ်တွေကိုတောင် ပစ်ထားပြီး ဖေ့ဘွတ်ပဲသုံးနေကြတာတွေ့ရပါတယ်။

ဖေ့ဘွတ်အရမ်းသုံးရာကနေ ဖြစ်လာတဲ့ ဆိုးရွားတဲ့ဖြစ်ရပ်လေးတစ်ခုအနေနဲ့ဆိုရင် ထိုင်းနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်လေးတစ်ခုကို ဖော်ပြလေးလိုပါတယ်။ 

ဒီဖြစ်ရပ်လေးကတော့ ဖေ့ဘွတ်အရမ်းသုံးတဲ့သမီးကို ဖခင်ဖြစ်သူက လည်ပင်းကိုဓားနဲ့လှီးခဲ့တဲ့ ဖြစ်ရပ်လေးဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က ထိုင်းနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်လေးပဲဖြစ်ပါတယ်။

ဖြစ်ပွားပုံကတော့ Joi လို့အမည်ရတဲ့ ထိုင်းအမျိုးသားတစ်ဦးဟာ သူ့ရဲ့အသက် ၁၃ နှစ်အရွယ်သမီးလေးက ဖေ့ဘွတ်အရမ်းသုံးတာကို ဘဝင်မကျတဲ့အဆုံး လည်ပင်းကိုဓါးနဲ့လှီးပစ်ခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင် Joi ဟာ သူ့သမီးရဲ့ လည်ပင်းကို ဓါးနဲ့လှီးရုံသာမက အခန်းထဲမှာပါ ပိတ်ထားခဲ့တာကြောင့် သမီးမှာ သွေးတွေအရမ်းထွက်နေပြီး မသေရုံတမယ်ဖြစ်နေခဲ့ပါတယ်။

သို့ပေမယ့် မိခင်ဖြစ်သူက ဒီလုပ်ရပ်ကိုသိရှိလိုက်တာကြောင့် သမီးဖြစ်သူကို အပြေးသွားကယ်ခဲ့ပြီး သက်ဆိုင်ရာကိုအကြောင်းကြားခဲ့ပါတယ်။ 

သမီးကို ဓါးနဲ့လှီးခဲ့တဲ့ Joi ဟာဆိုရင်လည်း သူ့ရဲ့သမီးအငယ်လေးကိုခေါ်ပြီး ချက်ချင်းထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် သက်ဆိုင်ရာရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။

ဖခင်ဖြစ်သူရဲ့ ဓားနဲ့လှီးတာကိုခံခဲ့ရတဲ့ သမီးလေးကတော့ ကံကောင်းလို့အသက်ရှင်ခဲ့ပေမယ့် ဘယ်လောက်အဖြစ်ဆိုးခဲ့သလဲဆိုတာကတော့ ယခုပုံရိပ်လေးတွေထဲမှာ တွေ့မြင်နေရတဲ့အတိုင်းပါပဲ။

ပရိသတ်တွေလည်း ဖေ့ဘွတ်အရမ်းသုံးတာလေးတွေလျှော့ပြီး မဖြစ်သင့်တာတွေမဖြစ်အောင် ကာကွယ်ထားကြဦးနော်။

Source _STOMP 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။