ပရိတ်သတ်ကြီးရေ Kညီ ဆိုတာက ဟာသသရုပ်ဆောင်ဆိုတာ ပရိတ်သတ်အများသိကြမှာပါ။အနုပညာလောကထဲမှာ ဝင်ရောက်နေတာကြာပြီဖြစ်တဲ့ Kညီက ဇာတ်ကားတစ်ကားရဲ့ မရှိမဖြစ်လိုအပ်တဲ့ ဇာတ်ပို့ သရုပ်ဆာင်နေရာကနေ သရုပ်ဆောင်လာတာ ဝါရင့်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။Kညီရဲ့ ဟာသသရုပ်ဆောင်စွမ်းရည်တွေကလည်း အံ့မခန်းပါပဲ။

Kညီက အလုပ်ကို ကြိုးစားတဲ့သူတစ်ယောက်မို့ ဇာတ်ကားတိုင်းလိုလို Kညီ ပါပါတယ်။Kညီ့မှာက သာယာတဲ့ အိမ်ထောင်ရေးလေးတစ်ခုလည်းရှိပါတယ်။ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်ကိုပိုင်ဆိုင်ထားပြီး သားလေးနှစ်ယောက်ကလည်း အဖေတူလို့ ခန့်ချောကြီးတွေပါ။Kညီက မိသားစုဘဝလေးကို တန်ဖိုးထားသူမို့ ချမ်းမြေ့တဲ့အိမ်ထောင်ရေးလေးတစ်ခုဖြစ်နေပါတယ်။

၁၅ရက်နေ့ဟာဆိုရင် Kညီရဲ့သားငယ်လေး Lucky လေးရဲ့ ၁နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့သားသားလေးမွေးနေ့မှာ မိသားစုတွေအကုန် ပျော်ပျော်ပါးပါး မွေးနေ့ကိတ်တွေခွဲကြပါတယ်။မိသားစုတွေအတူတူ သားငယ်လေး Lucky လေးက Lucky လေးဖြစ်ဖို့ ရွှေတိဂုံဘုရားသွားပြီး ရွှေသင်္ကန်း နေပူခံကျောက်ပြား လျှပ်စစ်မီး သွားလှူပေးခဲ့ပါသေးတယ်။သားငယ်လေး Lucky ရေ Happy birthday ပါနော်။

Source:David K Nyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။