ပရိတ်သတ်ရဲ့ရင်ထဲမှာ နေရာတစ်နေရာယူနေပြီဖြစ်တဲ့ အိမ့်ချစ်ကတော့ အသံချိုချိုလေးကို ပိုင်ဆိုင်ထားပြီး အနုပညာသွေးအပြည့်ရှိသူဖြစ်ပါတယ်။အိမ့်ချစ်က အဆိုတော် ဦးချစ်ကောင်းရဲ့သမီး ဆိုတော့ အနုပညာသွေးတွေက အဖေ့ဆီကနေ အပြည့်အ၀ စီးဆင်းလာတဲ့သူတစ်ယောက်ဆိုတာ ပရိတ်သတ်ကြီး သိမှာပါ။သီချင်းဆိုတဲ့နေရာမှာလည်း အသံကို အမျိုးမျိုးလုပ်ဆိုနိုင်ပြီး နားထောင်သူပရိတ်သတ်ရဲ့ နားထဲကို စီးမျောနိုင်အောင် သီဆိုနိုင်တဲ့သူပါ။

အိမ့်ချစ်က ခက်ခဲတဲ့ဘဝကနေ ဒီလိုမျိုး အောင်မြင်မှု့ကို ရခဲ့တဲ့သူပါ။ရိုးသားကြိုးစားပြီး စိတ်သဘောထား ပြည့်ဝသူလေးမို့အိမ့်ချစ်က ဂျူနီယာ အဆိုရှင်လေးတွေကိုလည်း လက်တွဲခေါ်သူတစ်ယောက်ဖြစ်ပါတယ်။အိမ့်ချစ်က သီချင်းဆိုတာတင်ကောင်းတာမဟုတ်ဘူးနော် ရုပ်ကလေးကလည်း ညိုချောလေးလို့ ပြောလို့ရအောင် ချစ်စရာကောင်းသူတစ်ယောက်လို့လည်း ဆိုလို့ရပါတယ်။

အိမ့်ချစ်က ပရိတ်သတ်အတွက် သီချင်းတွေကိုလည်း အသစ်အသစ်တွေဖန်တီးနေပါတယ်။အနုပညာနဲ့ပတ်သက်ပြီး ပါရမီပါတဲ့ အိမ့်ချစ်ကို ပရိတ်သတ်တွေကို အားပေးကြမ်းနေတာပေါ့နော်။အိမ့်ချစ်က Shwe FM ပွဲမှာ အမိုက်စားခြေလှမ်းတွေနဲ့ လျှောက်လှမ်းလာတဲ့ အိမ့်ချစ်ရဲ့ Video လေးကို တင်ပြပေးလိုက်ပါတယ်နော်။

Source:Eint Chit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။