မြန်မာ့ဂီတလောကမှာ လက်ရှိအထိ လူသာသေ၍ နာမည် ထင်ကျန်နေဆဲဖြစ်တဲ့ တေးသံရှင်ကြီးတွေထဲမှာ တွံတေးသိန်းတန်ကတော့ တစ်ဦးအပါအဝင်ပဲဖြစ်ပါတယ်။ အနှစ်သာရရှိတဲ့ တေးသီချင်းများစွာကို တည်ဆိုထားခဲ့သူတစ်ယောက်ဖြစ်ပြီး ဂီတလောက၊ ရုပ်ရှင်လောကတွေမှာနာမည်ကြီး အဆိုတော်မင်းသားကြီးတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။ လက်ရှိအထိသူ့ရဲ့ တေးသီချင်းများစွာကို ပြည်တွင်း အမာခံပရိသတ်များစွာက သီဆိုဖျော်ဖြေလေ့ရှိကြပြီး ပရိသတ်တွေရင်ထဲမှာ အမြဲသတိတရရှိနေစေခဲ့တာတွေ့ရပါတယ်။  

အဆိုပါ အမာခံပရိသတ်တွေထဲမှာ အံ့အားသင့်စရာကောင်းတဲ့ အဘိုးအိုတစ်ဦးရဲ့ သီဆိုဖျော်ဖြေမှုကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာတွေ့ရပါတယ်။ ၎င်း ဗီဒီယိုဖိုင်ကတော့ မျက်စီမမြင်နိုင်တဲ့ အဘိုးအိုတစ်ဦးရဲ့ ကိုယ်တိုင်တီးကိုယ်တိုင်သီဆိုမှုဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်။ မျက်မမြင်တစ်ဦးဖြစ်ပေမယ့်လည်း တူရီယာသုံးမျိုးလောက်ကို တကိုယ်တော်တီးခတ်ခဲ့ပြီး အသံပိုင်းမှာလည်း ပြောစရာမလိုလောက်အောင်သီဆိုနိုင်ခဲ့သူတစ်ဦးပဲဖြစ်ပါတယ်။  

အကူမပါတကိုယ်တည်း တီးခတ်သီဆိုခဲ့ပြီး ပရိသတ်များစွာရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပြီး အဆိုပါ ဗီဒီယိုဖိုင်လေးကတော့ လက်ရှိပြည်တွင်း ပြည်ပ ကြည့်ရှု့သူ သိန်းချီရှိခဲ့ပြီး ပရိတသ်တွေကြားမှာရေပန်းစားလာခဲ့တာတွေ့ရပါတယ်။ အတီးကောင်း အသံကောင်းပြီး မြန်မာ့ဂန္ဓာဝင်တေးသီချင်းကြီးတွေကို သီဆိုခဲ့တဲ့ မျက်မမြင်အဘိုးအိုရဲ့ လေးစားစရာဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေနားဆင်နိုင်ရန် မျှဝေပေးလိုက်ပါတယ်။

Video - People's Voice

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။